News

POST TAGGED AS

ရခိုင်အရေး

25-Dec-2017

အစိုးရ
အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း လေးသိန်းကို ဒီဇင်ဘာ ၂၇ ရက် လေလံတင်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄

အစိုးရငွေတိုက်လက်မှတ် ကျပ်သန်းပေါင်း လေးသိန်းရှိသည့်ပမာဏကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လေလံတင်ရောင်းချမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုန်ပြန်ကြေညာသည်။

လေလံတင်မည့် ငွေတိုက်လက်မှတ်များ၏ သက်တမ်းမှာ သုံးလ၊ ခြောက်လနှင့် တစ်နှစ်နီးပါးဖြစ်ပြီး လေလံဈေးနှုန်းမှာ ကျပ်သန်းပေါင်း သုံးသိန်းဖြစ်ကာ အများနှင့်ယှဉ်ပြိုင်ရန်မလိုသည့် ပမာဏကို ကျပ်သန်းပေါင်း တစ်သိန်းအဖြစ် သတ်မှတ်ထားကြောင်း ဗဟိုဘဏ်မှ သိရသည်။

“အရင်က အစိုးရငွေတိုက်လက်မှတ်ကို နေ့စဉ်ရောင်းတာ။ အခုတော့ တစ်လနှစ်ကြိမ်ပဲရောင်းတယ်။ အတိုးကလည်း အရင်ကထက် နည်းနည်းပိုများပေးတယ်။ သိတဲ့အတိုင်းပဲ။ အစိုးရမှာလည်း လိုငွေများနေတော့ ငွေဖြည့်ဖို့အတွက် ဒါတွေက မဖြစ်မနေ ထုတ်ရောင်းနေရတယ်”ဟု ကမ္ဘောဇဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခု လေလံခေါ်ယူခြင်းသည် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ၆၇ ကြိမ်မြောက် ခေါ်ယူခြင်းဖြစ်ပြီး ယခုနှစ်အတွက် နောက်ဆုံးလေလံခေါ်ယူခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

ယခု အစိုးရလက်ထက်တွင် အစိုးရငွေတိုက်လက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့် စတင်ရောင်းချခြင်းဖြစ်ပြီး အစိုးရငွေတိုက် စာချုပ်များကိုလည်း ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။              

J-13

  • VIA


FOLLOW US