News

POST TAGGED AS

ရခိုင်အရေး

25-Oct-2017

ရခိုင်အရေး
ရခိုင်အရေးကိစ္စအတွက် အထူးသံတမန်တစ်ဦး ကနေဒါ ခန့်အပ်၊ ထောက်ပံ့ငွေ ဒေါ်လာ ၁၂ သန်းပေးမည်ဟု ကြေညာ

အော်တဝါ-ရန်ကုန်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် အရေးကိစ္စများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အထူးသံတမန်တစ်ဦးကို ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုးက ယနေ့ ခန့်အပ်လိုက်ကြောင်း ကနေဒါအစိုးရက သတင်းထုတ်ပြန်သည်။ 

အထူးသံတမန်မှာ ဘော့ရေးဖြစ်ပြီး ၎င်းသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အကျပ်အတည်းများနှင့် ပြဿနာများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် အမြန်ဆုံး တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

အထူး သံတမန်ဘော့ရေးသည်  မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာများ၊ လုံခြုံရေး ပြဿနာများအတွက် အရေးတကြီး လိုအပ်ချက်များကို ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်သည်။ 

ထို့ပြင် ဘင်္ဂါလီ မွတ်ဆလင်များနှင့် အခြားဘာသာဝင်များ၊ တိုင်းရင်းသား လူနည်းစုများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ကြုံတွေ့နေရသည့် အခြေအနေ အရပ်ရပ်နှင့်ပတ်သက်သည့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက်လည်း တာဝန်ယူ လုပ်ဆောင်သွားမည်ဖြစ်သည်။ 

ရခိုင်ပြည်နယ်တွင်း လတ်တလော ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက် နစ်နာခဲ့ရသူများကို ကနေဒါနိုင်ငံ အနေနှင့် အကောင်းဆုံးဖြစ်အောင် မည်သို့ ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကိုလည်း အထူးသံတမန် ဘော့ရေးက ဝန်ကြီးချုပ်ထရူးဒိုးကို အကြံပေးသွားမည်ဖြစ်သည်။ 

မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စိန်ခေါ်မှုများ၊ နိုင်ငံရေးနှင့် လူမှုစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော ပြည်သူများအတွက် ကနေဒါနိုင်ငံအနေနှင့် ရေတိုသာမက ရေရှည်သဘောဖြင့်ပါ ဆက်လက် ကူညီဖြေရှင်းပေးသွားရန် ရှိသည်ဟုလည်း ကနေဒါအစိုးရက သတင်းထုတ်ပြန်သည်။ 

အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ကနေဒါနိုင်ငံအနေနှင့် ထပ်ဆောင်းကူညီငွေ ဒေါ်လာ ၁၂ သန်း ပေးအပ်သွားမည်ဟုလည်း ကြေညာသည်။

F-01



FOLLOW US