News

POST TAGGED AS

ရခိုင်အရေး

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို ထောက်ခံဟု တရုတ်ပြော၊ ပြည်ပစွက်ဖက်မှုများ အလုပ်မဖြစ်ဟု သုံးသပ်

ဘေဂျင်း- ရန်ကုန်၊ အောက်တိုဘာ ၂၁

ရခိုင်ပြည်နယ်အရေးကိစ္စတွင် တည်ငြိမ်အေးချမ်းမှု ရရှိအောင် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံပါကြောင်းနှင့် အတွေ့အကြုံများကိုကြည့်မည်ဆိုပါက ယင်းပြဿနာတွင် ပြည်ပနိုင်ငံများ ကြားဝင်စွက်ဖက်မှုများသည် အလုပ်မဖြစ်သည်ကို တွေ့ရှိရကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးတန်းအရာရှိတစ်ဦးက စနေနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ 

လတ်တလော ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဘင်္ဂါလီဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစုလိုက် အပြုံလိုက် ထွက်ပြေးနေမှုများနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာ ဌာနမှ ဒုတိယအကြီးအကဲ ဂေါင်ယီဇူးက အထက်ပါအတိုင်း သုံးသပ်ပြောကြားခြင်းဖြစ်သည်။ 

မြို့တော်ဘေဂျင်းတွင် ရက်သတ္တ တစ်ပတ်တာမျှ ကျင်းပပြုလုပ်နေသည့် ကွန်မြူနစ်ပါတီကွန်ဂရက်၏ သီးခြား သတင်းစာရှင်းလင်းပွဲတွင် ဂေါင်ယီဇူးက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုများကို တရုတ်နိုင်ငံအနေနှင့် ရှုတ်ချပါကြောင်း၊ တရုတ်နိုင်ငံသည် ယင်းပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော မြန်မာအစိုးရ၏ အားထုတ်မှုများကို လက်ခံနားလည်သလို ထောက်ခံပါကြောင်း သတင်းထောက်များကို ပြောကြားသည်။



FOLLOW US