News

POST TAGGED AS

ရခိုင်အရေး

အကြမ်းဖက် သတ်ဖြတ်ခံရသူများကို ဆုတောင်းအမျှဝေ

ပုသိမ်၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက် သတ်ဖြတ်ခံရသည့် ဟိန္ဒူဘာသာဝင်များ၊ အခြား တိုင်းရင်းသားများအတွက် ပုသိမ်မြို့ အမှတ် ၆ ရပ်ကွက် ဗိုလ်ဘဌေးလမ်းရှိ ဟိန္ဒူဘုရားကျောင်းတွင် ဟိန္ဒူဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များက ဆုတောင်း မေတ္တာပို့ အမျှဝေခဲ့ကြသည်။

စက်တင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့် ထိုဘုရားကျောင်း၏ ဟိန္ဒူ ဘာသာရေး အစဉ်အလာပွဲတွင် အထူး အစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်း ပြုလုပ်ခဲ့ကြကြောင်း ယင်းဘုရားကျောင်း ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ယင်းဆုတောင်းပွဲသို့ ဟိန္ဒူဘာသာဝင်များ သာမက ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာဝင်များလည်း လာရောက်ခဲ့ကြပြီး ပုသိမ်မြို့ ရေတွင်းကုန်း ကျောင်းတိုက်ဆရာတော်က ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာဝင်များကို သီလပေးကာ မေတ္တာပို့ အမျှအတန်း ပေးဝေခဲ့ကြသည်။

R-12



FOLLOW US