News

POST TAGGED AS

ရခိုင်အရေး

ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှု အမျိုးသားရေး တက်ကြွသူများ ယနေ့ ဆန္ဒထုတ်ဖော်မည်
ရန်ကုန်၊ စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီး တောင်၊ မောင်တောဒေသရှိ နယ်ခြားစောင့် ရဲကင်းများနှင့် ဒေသခံ တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှု လုပ်ဆောင်ခဲ့သော ARSA အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှားသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်အချို့ တက်ရောက်ဟောပြောရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့၌ ဦးဆောင်သူတစ်ဦးက The Voice သို့ အတည်ပြု ပြောဆိုသည်။

“ညနေ ၃ နာရီမှာ မြို့တော်ခန်းမရှေ့မှာ ပြုလုပ်မှာဖြစ်တယ်။ ပြီးတော့ တောင်ကြီးမှာလည်း ဒီလိုဟောပြောပွဲတွေ တစ်ချိန်တည်း ပြုလုပ်သွားဖို့ စီစဉ်ထားပြီးဖြစ်တယ်”ဟု ကန့်ကွက်ဆန္ဒ ထုတ်ဖော်ပွဲစီစဉ်သူ ဦးဆောင်သူတစ်ဦး က ပြောသည်။

ဥက္ကဋ္ဌ ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ထုတ်ပြန်ထားသည့် အစီရင်ခံစာကို ကန့်ကွက်ပွဲနှင့် ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရှုတ်ချပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆရာတော်ဦးဝီရသူ ဦးဆောင်၍ ဩဂုတ်လ ၃၀ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

J-07



FOLLOW US