News

POST TAGGED AS

ရခိုင်အရေး

17-Sep-2017

ရခိုင်အရေး
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးပစ္စည်းတင်ယာဉ် မောင်တောသို့ ဆက်လက်ထွက်ခွာ
ရန်ကုန်၊ စက်တင်ဘာ ၁၇

စစ်ဘေးရှောင်ပြည်သူများထံ ပေးပို့မည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးပစ္စည်းတင် မော်တော်ယာဉ်သည် စစ်တွေမြို့မှ မောင်တောမြို့သို့ ဆက်လက် ထွက်ခွာသွားပြီဖြစ်ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝင်းနောင်က ပြောကြားသည်။

“မောင်းလာတဲ့ ယာဉ်မောင်းက မူးနေတော့ လမ်းမှားဝင်တာကို ဒေသခံတွေ မသင်္ကာတာနဲ့ စစ်ဆေးရင် နဲနဲရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာပါ။ ကားပေါ်မှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက လွှဲပြောင်းပေးတဲ့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ပစ္စည်းတွေပါပဲ”ဟု ၎င်းက ဆိုသည်။

သက်ကယ်အင်္ကျီများ၊ ရေဘူးများ အပါအဝင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အမှတ်တံဆပ်ပါ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီးသည် စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခန့်က စစ်တွေမြို့အနီး ဘာဆာရွာအတွင်းသို့ လမ်းမှားဝင်ရာမှ ဒေသခံများက မသင်္ကာ၍ စစ်ဆေးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်တင်ကားကို စစ်ဆေးရှာဖွေခဲ့ပြီး ညတွင်းချင်း ပြန်လွှတ်ပေးခဲ့ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

J-17



FOLLOW US