News

POST TAGGED AS

ရခိုင်အရေး

14-Sep-2017

ရခိုင်အရေး
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုများ အဆုံးသတ်ရန် လုံခြုံရေးကောင်စီ တိုက်တွန်း၊ ကိုဖီအာနန်ကော်မရှင် အကြံပေးချက်အတိုင်း လုပ်ဆောင်သွားရန် သဘောတူ
ကုလသမဂ္ဂ-ရန်ကုန်၊ စက်တင်ဘာ ၁၄ 

ရခိုင်ပြည်နယ်တွင်းဖြစ်ပေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများ အမြန်ဆုံး အဆုံးသတ်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်ပြီး ယခင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်သော ရခိုင်ကော်မရှင်၏ အစီရင်ခံစာပါ အကြံပေးချက်များအတိုင်း အကောင်အထည်ဖော်သွားရန် မြန်မာနိုင်ငံကို ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယခင်တပ်မတော်အစိုးရလက်ထက်က မြန်မာ၏ အနီးကပ် မဟာမိတ်နိုင်ငံဖြစ်ခဲ့သော တရုတ် အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲကျင်းပပြီးနောက် ယင်းကောင်စီက ရခိုင်ပြည်နယ်တွင်း လုံခြုံရေး (နယ်မြေရှင်းလင်းရေး) ဆောင်ရွက်ရာ၌ အင်အား အလွန်အကျွံ အသုံးပြုမှုအပေါ် စိုးရိမ်ပူပန်မိကြောင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း မြန်မာအစိုးရကို ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။ 

အဆိုပါကြေညာချက်သည် မြန်မာနှင့်ပတ်သက်၍ နှစ်ပေါင်း ၉ နှစ်အတွင်း လုံခြုံရေးကောင်စီ၏ ကြေညာချက်လည်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ ချက်ချင်း အဆုံးသတ်ရေး၊ တရားဥပဒေ စိုးမိုးမှု ပြန်လည် ပေါ်ပေါက်ရေး၊ အရပ်သား ပြည်သူများအား အကာအကွယ်ပေးရေး၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ မူလ အနေအထားသို့ ပြန်လည် ရောက်ရှိစေရေး၊ ဒုက္ခသည်များ ပြဿနာ ဖြေရှင်းရေး အစရှိသည်တို့ကို မြန်မာ အစိုးရအနေနှင့် လုပ်ဆောင်သွားရန် ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ရေးရာ ကော်မရှင်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လည်း မြန်မာအစိုးရကို လုံခြုံရေးကောင်စီက တိုက်တွန်းသလို ကိုဖီအာနန်တို့အဖွဲ့ ထောက်ပြခဲ့သည့်အတိုင်း ရခိုင်ပြဿနာအား ရေရှည်သဘောဖြင့် ဖြေရှင်းသွားရန် အရေးကြီးသည်ဟူသော အချက်ကိုလည်း အဖွဲ့ဝင်များက သဘောတူညီခဲ့ကြသည်။ 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရီစ်ကမူ ရခိုင်ပြည်နယ်တွင်း လုပ်ဆောင်နေသော စစ်ဆင်ရေးများကို ရပ်ဆိုင်းပေးရန် တိုက်တွန်းပြီး ဘင်္ဂါလီလူမျိုး အမြောက်အမြားများ ထွက်ပြေးတိမ်းရှောင်နေရမှုသည် လူမျိုးပြုတ် ရှင်းလင်းခံရသည့် သဘောမျိုးဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။

F-01



FOLLOW US