News

POST TAGGED AS

ရခိုင်အရေး

06-Sep-2017

ရခိုင်အရေး
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရသူများကို စိစစ်၍ လက်ခံမည်

နေပြည်တော်၊ စက်တင်ဘာ ၆ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရသူများကို စိစစ်၍ ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားလိုက်သည်။.

နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့သည် ယနေ့  (စက်တင်ဘာ ၆ ရက်) မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံရုံး၌ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ  ၅ ရက်နေ့အထိ စာရင်းများအရ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၃) ဦး၊ နိုင်ငံ့ဝန်ထမ်း (၂) ဦး၊ ဒေသခံတိုင်းရင်းသား (၂၁) ဦး၊ စုစုပေါင်း (၃၆) ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၅) ဦး၊ နိုင်ငံ့ဝန်ထမ်း (၃)ဦး၊ ဒေသခံတိုင်းရင်းသား (၄) ဦး၊ စုစုပေါင်း (၂၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ (၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈) စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရသည်။ ထိုပြင် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား (၂၆၇၄၇) ဦး ရှိနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။



FOLLOW US