News

POST TAGGED AS

ရခိုင်ဒီမိုကရေစီ

လစ်လပ်နေသော ရသေ့တောင် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) မှ ကိုယ်စားလှယ်လောင်း ဦးသိန်းမောင်ကို ရခိုင်အမျိုးသားပါတီ (ANP) က ကန့်ကွက်ကြောင်း စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးခင်မောင်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီဖြစ်သော ရခိုင်မျိုးချစ်ပါတီ(APP)က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီနှင့် တစ်ပါတီအဖြစ် ပေါင်းစည်းရန် ကမ်းလှမ်းထားကြောင်း ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန်ထားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ၏ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ (CEC) ၏ ပထမအကြိမ် အစည်းအဝေးနှင့် ပါတီရေးရာကော်မတီများ ဖွဲ့စည်းခြင်းကို ဒီဇင်ဘာလ ၂၃ ရက်တွင် တောင်ကုတ်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောကြားသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။