News

POST TAGGED AS

ရခိုင်

အစွန်းရောက် အကြမ်းဖက်သမားတွေက အစိုးရ တပ်စခန်းတွေကို တိုက်ခိုက်တဲ့အထိတော့ သူတို့လက်ခံထားပုံ ပေါ်ပေမယ့် ဒီအပေါ် အစိုးရက တပ်အင်အား အလုံးအရင်းနဲ့ ပြန်လည် နှိမ်နင်းတာ၊ သတ်ဖြတ်တာနဲ့ နေရပ်စွန့်ခွာမှုတွေ များနေတာတွေ အပေါ်တော့ အစိုးရအပေါ်ကို အပြစ်တင်ခဲ့ကြသလို အချို့နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတဲ့ အသံတွေ ကြားနေရပါတယ်။
15-Sep-2017 tagged as ရခိုင်
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ဘူးသီးတောင်၊ မောင်တောရှိ အကြမ်းဖက်ဘေးဒဏ်သင့် ရခိုင်တိုင်းရင်းသားများကို ကျပ်သိန်း ၄၅၀၀ ကျော်ခန့် လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ပြောခွင့်ရဆရာတော် ဒေါက်တာသောပါကက The Voice သို့ မိန့်ကြားသည်။
14-Sep-2017 tagged as ရခိုင်
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ဆက်လက်ကာရံရန်နှင့် ကာရံပြီး ခြံစည်းရိုးကို အဆင့်မြှင့်ရန် ပြည်သူများ၏ လှူဒါန်းငွေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဘဏ်အကောင့်ဖွင့်၍ လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ သိရသည်။
12-Sep-2017 tagged as ပညာရေး ရခိုင်
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၀ ကို ယနေ့ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
မာလာလာအနေနှင့် ငြိမ်းချမ်းရေး၏ စစ်မှန်သော အနှစ်သာရကို နားမလည်ဟု သူမ ထင်မြင်ယူဆသူများအပေါ် ငြိမ်းချမ်းရေး ဆရာမကြီးသဖွယ် ဟန်ထုတ်ပြနေခြင်းထက် သူမ မသိသေးသော အရာများစွာကို ပိုမိုသင်ယူရန် လိုအပ်နေပါသည်။ သူမသည် ၂၀၁၂ ခုနှစ်က မွတ်ဆလင် အစွန်းရောက်များ၏ သတ်ဖြတ်မှုကို ကိုယ်တိုင်ခံခဲ့ရသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်ရာ သူမ ပထမဦးစွာ ပစ်မှတ်ထားရမည့်သူများမှာ မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားသာ ဖြစ်သည်။
11-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA အကြမ်းဖက်အဖွဲ့က တစ်လခန့် အပစ်ရပ်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့က Twitter မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် မြန်မာ့အရေးကိစ္စများ ကိုင်တွယ်ဖြေရှင်းရာတွင် ဘက်လိုက်မှုများ ရှိနေခြင်းကြောင့် ၎င်းကို ရာထူးမှ ဖယ်ရှားနိုင်ရေးအတွက် အာရှလူ့အခွင့်အရေးဆိုင်ရာစင်တာ (ACHR) က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌကို တိုက်တွန်းလိုက်သည်။
10-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ရခိုင်ပြည်နယ်၊ ကျောက်တော်မှတစ်ဆင့် ပွဲစားခပေး၍ ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသားလေးဦးကို စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အစိုးရသစ်အတွက် လတ်တလော အာနန်ကော်မရှင်၏ အကြံပြုချက်များသည် ရခိုင်ပြည်နယ် ပဋိပက္ခအတွက် နိုင်ငံတကာ ထောက်ခံမှု ရထားသော ဖြေရှင်းရမည့် နည်းလမ်းများ ဖြစ်ပါသည်။ သို့သော် ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှု ခံရသည့် အခြေအနေလွန် ကာလမျိုးတွင် လက်တွေ့ဖြေရှင်းရမည့်ပုံစံနှင့် အနည်းငယ် အလှမ်းဝေးနေပြန်ပါသည်။
08-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ထိုနေ့က မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ငါးနှစ်ကြာပြီးသည့် ယခုချိန်ထိ မမေ့နိုင်သေးပါ။ ထိုစဉ်က အတွေးထဲ ရောက်လာခဲ့သည်မှာ ‘ဘာသာမတူ စရိုက်မတူတဲ့ လူ့အသိုင်းအဝိုင်းနှစ်ခု ဒီဒေသမှာ ဘယ်လိုဆက်ပြီး အတူနေကြပါတော့မလဲ...။ ဒီပြဿနာ ဘယ်လိုရှင်းကြမလဲ...’ ဆိုတာပဲ ဖြစ်သည်။