News

POST TAGGED AS

ရခိုင်

မြန်မာနိုင်ငံရှိ အခြားသော မြို့၊ ​ရွာများ၏ အမည်လိုပဲ ဘူးသီးတောင် အမည်ကလည်း ဒဏ္ဍာရီပုံပြင်ဆန်သည်။ ရှေးက မူလရွာဟောင်းအနီး တောင်ကုန်း ၉၉ လုံး ရှိရာတွင် အနောက်တောင်အရပ်ရှိ တောင်တွင် ရွှေဘူးသီးကြီး တစ်လုံးရှိပြီး ဘူးစေ့များမှာ ကျောက်သံပတ္တမြားများဖြစ်ကြောင်း သိုက်ဆရာတို့၏ သိုက်ကျမ်းတွင် ဖော်ပြကြောင်း။ ထိုရွှေဘူးသီးကို အကြောင်းပြု၍ ဘူးသီးတောင်ဖြစ်လာကြောင်း ဒဏ္ဍာရီဆန်ဆန် ပြောကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၊ စာရေးဆရာ ဝေဟင်အောင်နဲ့ ရခိုင့်နိုင်ငံတော် ကျဆုံးခြင်း အထိမ်းအမှတ် ပွဲစီစဉ်သူတို့ကို ဒီနေ့ မနက် ၁၀ နာရီကျော်က ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဒီသတင်းကို သတင်းထောက် ခိုင်မင်းညိုက ရိုက်ကူးထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် မြောက်ဦးအဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့လူစုခွဲမှုအပေါ် ရှုတ်ချကြောင်း ဆန္ဒပြခဲ့သော လူငယ်ငါးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်က ပြောသည်။
Naf river ။ မြန်မာလိုတော့ နတ်မြစ်။ တစ်ဖက်ကမ်းကူးလိုက်လျှင် ဘင်္ဂလားဒေ့ရှ်ထဲ ရောက်ပြီ။ နယ်စပ်ခြံစည်းရိုးအနီး ဒီဘက်ခြမ်းမှာတော့ ရေကန်ကျယ်ကြီး တွေရှိသည်။ ပုစွန်မွေးသောကန်များ ဖြစ်ပုံရသည်။ ကန်ပေါင်တာရိုးပေါ်မှ ကားများဖြတ်သန်းမောင်းနှင်လျက် မြို့ထဲဝင်လာခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော ဒုက္ခသည်များကို ပြန်လည်လက်ခံမည့် မောင်တောမြို့နယ် ငါးခူရစခန်းနှင့် တောင်ပြို (လက်ဝဲ) စခန်းနှစ်ခုကို ဇန်နဝါရီ ၂၃ ရက် နံနက်က စတင်ဖွင့်လှစ်ရာ ညနေ ၄ နာရီအထိ ပြန်လာသူမရှိကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းကပြောသည်။
ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည့် ဒုက္ခသည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHRC) က စစ်ဆေး မေးမြန်းမည်ဟု ဘင်္ဂလားဒေ့ရှ် သံရုံး ကော်မရှင်နာက အကြောင်းကြားထားကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်တင်က ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်အစည်းအဝေးကို ယခုလကုန် (ဇန်နဝါရီလ) ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ဖေဖော်ဝါရီလသို့ ရွှေ့ဆိုင်းလိုက်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်ထံမှ သိရသည်။
20-Jan-2018 tagged as ရခိုင်
မောင်တောနှင့် တက်ခနက်အကြား ယခုကုန်သွယ်ရေးဇုန်က ပိုနီးပြီး ပိုအဆင်ပြေသည်။ ဒီဒေသမှာ ပဋိပက္ခတွေ ထပ်မံ မဖြစ်ပွားတော့ဘဲ ဆက်လက် တည်ငြိမ်နေမည်ဆိုလျှင်တော့ မောင်တော ကညင်ချောင်းစီးပွားရေးဇုန်က အလွန် အလားအလာကောင်းသော အနေအထားမှာ ရှိနေပါသည်။
မည်သို့ပင်ဖြစ်စေ အမျိုးသားရေးဝါဒ ခေါင်းထောင်လာခြင်း၊ အဓိကရုဏ်းဖြစ်ပေါ်ခြင်း၊ သွေးထွက်သံယို နှိမ်နင်းခြင်းတို့မှာ ဒေသအတွင်း အာဏာ နိုင်ငံရေးကို အခြေပြုနေသည့်အတွက် လတ်တလောအားဖြင့် ဒေသအုပ်ချုပ်ရေးနှင့် ပြည်ထောင်စုအစိုးရတို့၏ စီမံခန့်ခွဲမှု အရည်အချင်းအပေါ် မူတည်ကာ နှစ်ဖက်စလုံးအတွက် ဥပဒေအရ မျှတသော အရေးယူမှုများဖြင့် ပြဿနာမီးပွား ပိုကြီးထွားမလာစေရန် ကြိုးစားသင့်ကြောင်း
20-Jan-2018 tagged as ရခိုင်
ပေ ၇၀ဝ ကျော်မျှကျယ်ဝန်းသော ချောင်းရိုးများကိုပင် တံတားတစ်စင်းမျှမရှိဘဲ ကြုံသလို ကူးခတ်သွားလာနေကြရသော နေရာဒေသများ ရခိုင်ပြည်နယ်ထဲတွင် မရေတွက်နိုင်အောင်ရှိသည်။