News

POST TAGGED AS

ရခိုင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်သော ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၉ စု၊ လူဦးရေ ၃၀ ကျော် မတ်လ ၈ ရက်က မောင်တောမြို့နယ်သို့ ပြောင်းရွှေ့လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲမြို့နယ်များရှိ ဒုက္ခသည်စခန်းသုံးခုမှ အိမ်ထောင်စု ၅၅ စုကို ရန်ကုန်သို့ ပြောင်းရွှေ့ခွင့်ပြုခဲ့ခြင်းကို ပြန်လည်စဉ်းစားသုံးသပ်ပေးရန် အဆိုကို လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာလိုက်သည်။
ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ W.M. Blumenthal Academy ဂျူးပြတိုက်တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပခဲ့သည့် မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်ခြင်း အမည်ရှိ (The Berlin Conference on Myanmar Genocide) ညီလာခံသို့ တက်ရောက်ခွင့်မရခဲ့မှုအပေါ် မြန်မာအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပကာ ထုတ်ပြန်ရှင်းလင်းလိုက်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်တွင် တည်ဆောက်ထားသော တန်ဖိုးနည်းတိုက်ခန်း ဝယ်ယူရန် လူ ၄၃၀ ကျော် လျှောက်ထားကြောင်း ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်ရှိ အသစ်တည်ဆောက်မည့် အဆင့်မြင့်ဈေး ၅ ဈေး စီမံကိန်းကို ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖျက်သိမ်းပြီး ဘတ်ဂျက်ငွေများကို မြို့နယ်များသို့ ခွဲဝေပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ဤဒေသသည် ဆရာတော်ကြီး၏ ဇာတိနယ်မြေလည်းဖြစ်သည်။ ရခိုင်အရေးနှင့် ပတ်သက်လာလျှင် ဆရာတော်ကြီးက အလုံးစုံ သိနားလည်သည်။ ဤဒေသကို ဘင်္ဂါလီတွေ တဖြည်းဖြည်း လွှမ်းမိုးလာသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေ တဖြည်းဖြည်းနှင့် ဒေသကို စွန့်ခွာသွားနေသည့်ကိစ္စ၊ ဒေသ မဖွံ့မဖြိုး ခေတ်နောက်ကျ ကျန်နေသည့်ကိစ္စ၊ ရခိုင်လူမျိုးတွေဘဝ မလုံမခြုံ ဖြစ်လာသည့်ကိစ္စ၊ ဆင်းရဲနွမ်းပါးမှု ကိစ္စအားလုံးကို ဆရာတော်ကြီး သိသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် အသတ်ခံရမှုမှ ပူးပေါင်းပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသော ဦးကျော်မြင့်အပါအဝင် မိသားစုဝင်လေးဦးကို ရဲလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရန် ကျန်ရှိနေသည်ဟုဆိုကာ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်က ချုပ်ရမန်ယူပြီး အင်းစိန်ထောင် ပို့ဆောင်လိုက်သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ် ဂေါ်ဒူသာရချောင်းဝ ကင်းစခန်းအနီး ပင်လယ်ကမ်းခြေတွင် ဖေဖော်ဝါရီလ ၁၁ ရက် ည ၇ နာရီက နေရပ်စွန့်ခွာ ဘင်္ဂါလီ ၈၀၀ ကျော် ရောက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ ဒီရေတောများကို စနစ်တကျ စီမံအုပ်ချုပ်ခြင်းစီမံကိန်းကို ဒိန်းမတ်နိုင်ငံ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ပထမဆုံးအကြိမ်အဖြစ် ခြေတုပေးအပ်ပွဲကို ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် LDSC( LATTER-DAY SAINT CHARITIES) တို့မှ စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့သည်။