News

POST TAGGED AS

ရခိုင်

16-Sep-2016 tagged as ရခိုင်
ရခိုင်အရေးမှာ လွှတ်တော်အမတ် နေရာတွေကိုလည်း ဘင်္ဂါလီတွေကို ပေးခဲ့ကြတယ်။ နိုင်ငံရေး အာဏာပိုင်ချင်တဲ့ ဖဆပလ၊ ပထစ၊ လမ်းစဉ်၊ ပြည်ခိုင်ဖြိုးတွေက ဘင်္ဂါလီတွေကို အသုံးချခဲ့ကြတယ်။ ဒါကြောင့် ရခိုင်အရေးကိစ္စတွေဟာ အမယ်ဘုတ်ရဲ့ ချည်ခင်လို ရှုပ်ထွေးလာခဲ့တာ မှတ်တမ်းတွေ ရှိပါတယ်။
14-Sep-2016 tagged as ရခိုင်
ရခိုင်ပြည်နယ်လွှတ်တော်တွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး တင်သွင်းခဲ့သည့် မစ္စတာကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ကို အသိအမှတ်မပြုရေး အရေးကြီးအဆိုကို ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ တရားဝင် ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်ကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ (စက်တင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် အသိပေး ကြေညာလိုက်သည်။
08-Sep-2016 tagged as ရခိုင်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အနေနှင့် ဘက်မလိုက်ဘဲ တိတိကျကျ ကြားနေသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ကို ဦးဆောင်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောကြားသည်
07-Sep-2016 tagged as ရခိုင်
"အဓိကကတော့ အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်မှာ နိုင်ငံခြားသားသုံးဦး ပါဝင်နေတာကို လက်မခံနိုင်ပါဘူး။ နောက်တစ်ချက် ဒီကော်မတီ မလိုအပ်ဘူး။ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင်က ထုတ်ပြန်တဲ့အချက်တွေကိုပဲ အကောင် အထည်ဖော်ပေးဖို့လိုတာ"
06-Sep-2016 tagged as ရခိုင်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကုန်ကျစရိတ် အားလုံးကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဘက်ဂျတ်မှ ကျခံသုံးစွဲ သွားမည်
"ဒီပြဿနာတွေကို မျက်နှာချင်းဆိုင်ပြီး မျှမျှတတ ဖြေရှင်းဖို့နဲ့ ကျွန်မတို့ ပျက်ကွက်ခဲ့ကြပြီး မှန်ကန်တဲ့ အဖြေတစ်ခုကို မရှာဖွေနိုင်သေးပါဘူး။ ဒီကော်မရှင်က ကျွန်မတို့အတွက် ဒီပြဿနာ (ရခိုင်) ကို ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုရဖို့ အကူအညီရမယ်လို့ မျှော်လင့်ပါတယ်"
03-Sep-2016 tagged as ရခိုင်
“ကိုဖီအာနန်လာမယ့် စက်တင်ဘာ ၆ ၇က်မှာ လေယာဉ်ကွင်းကနေ ဆန္ဒဖော်ထုတ်မှာပါ။ စက်တင်ဘာ ၅ရက်နေ့မှာတော့ စစ်တွေမြို့ ၀င်္ကဘာကွင်းမှာ ဆန္ဒဖော်ထုတ်ပြီး ဟောပြောပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဓိကက ရခိုင်ပြည်နယ်အရေးဟာ ပြည်တွင်းအရေးပဲ ဖြစ်တယ်။ ပြည်တွင်းပညာရှင်တွေနဲ့ ဖြေရှင်းလို့ရတာကို နိုင်ငံတကာကို ဖိတ်ခေါ်သလိုဖြစ်နေတဲ့ နိုင်ငံခြားသားတွေကို ခန့်အပ်တာကို လက်မခံနိုင်လို့ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရတာဖြစ်ပါတယ်”