News

POST TAGGED AS

ရခိုင်

05-Feb-2017 tagged as ရခိုင် ဘုရား
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မဟာမုနိရုပ်ပွားတော်တွင် တပ်မတော်အစိုးရ လက်ထက်က ကပ်လှူခဲ့သည့် စလွယ်တော်ကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) ညနေပိုင်းတွင် ဖြုတ်ချခဲ့ကြောင်းဦးဆောင်သူတစ်ဦး ဖြစ်သည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်းက ပြောကြားသည်။
05-Feb-2017 tagged as ရခိုင်
မောင်တောဒေသအတွင်းရှိ တိုင်းရင်းသားကျေးရွာများ အပါအဝင် နယ်စပ်တစ်လျှာက်လုံခြုံရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း မောင်တော ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ရင်း ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
04-Feb-2017 tagged as ရခိုင် ဘင်္ဂါလီ
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ၌ ဘင်္ဂါလီများကို မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အုပ်စုလိုက် အဓမ္မပြုကျင့်မှုများ ကျူးလွန်ကြောင်း စွပ်စွဲမှုများ ပါရှိသည့် UN ၏ အစီရင်ခံစာကို စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။
02-Feb-2017 tagged as ရခိုင်
ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုလားတန် စီမံကိန်း၏ စစ်တွေရေနက်ဆိပ်ကမ်းကို ယခုလအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များထံသို့ လွှဲပြောင်းပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Mr Vikram Misri က ပြောကြားသည်။
30-Jan-2017 tagged as ရခိုင် ANP
ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မလေးရှားနိုင်ငံရောက် ရခိုင်လူမျိုးများက ရခိုင့်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်ခဲ့ကြောင်း ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
12-Jan-2017 tagged as ရခိုင်
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ခမရ ၅၄၀ တပ်ရင်းအချုပ်အတွင်း ချုပ်ထားသည့် ရဲဘော်တစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း မြောက်ဦးတပ်နယ်မှ တပ်မတော်အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် ကချင်ပြည်နယ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများမှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးနေသည့် အဖွဲ့များ ဇန်န၀ါရီ ၉ ရက်နေ့တွင် တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
08-Jan-2017 tagged as ရခိုင်
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တည်ထောင်မည်ကို မကျေနပ်၍ တောင်ကုတ်ဒေသခံ ၁၃၀ ခန့် စုပေါင်းပြီး ယနေ့ (ဇန်နဝါရီလ ၈ရက်) မွန်းလွဲ ၂ နာရီခန့်က တောင်ကုတ်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တောင်ကုတ်ဒေသခံ ကိုသက်မောင်မောင်က ပြောကြားသည်။
အစိုးရသစ် အာဏာရလာပြီးနောက် ကိုးလအကြာ ခရစ်နှစ်သစ်ကူးပွဲ ရောက်လာသည်။ ပြဿနာဟောင်းများကို ရှင်းရင်းပင် ၂၀၁၇ သို့ ချဉ်းနင်းဝင်ရောက်တော့မည် ဖြစ်သည်။ သောင်းခြောက်ထောင်သော ပြဿနာများအနက် ၂၀၁၇ တွင် ထိပ်တန်းအဖြေပေးရမည့် ပြဿနာကြီး ငါးရပ်ကို ထုတ်နုတ်ကြည့်သည်။
23-Dec-2016 tagged as ရခိုင်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများသည် ဒေသတွင်း အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းပြီး ဒေသခံ တိုင်းရင်းသားများ မနေထိုင်ဝံ့ဘဲ နေရပ်စွန့်ခွာစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း မောင်တောမြို့ အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။