News

POST TAGGED AS

ရခိုင်

19-Aug-2016

ရခိုင် လှေ
ရသေ့တောင်မြို့နယ်အတွင်း ကျောင်းဖယ်ရီ စက်လှေ နစ်မြုပ်၊ ကျောင်းသူလေးဦး ပျောက်ဆုံး

ရသေ့တောင်မြို့နယ်၊ ကုန်တန်းကျေးရွာမှ ရန်အောင်မြင်ကျေးရွာ အ.ထ.က ကျောင်းသို့ သွားရောက်သည့် ကျောင်းဖယ်ရီ စက်လှေတစ်စီး သြဂုတ်လ ၁၉ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က နစ်မြုပ်ခဲ့ရာ ကျောင်းသူ ၄ ဦး၏ အလောင်းကို ရှာဖွေမရရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကျောင်းဖယ်ရီစက်လှေတွင် ကျောင်းသား/ကျောင်းသူ ၁၇ ဦး စီးနင်းလိုက်ပါခဲ့ပြီး ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး လေးဦးမှာ ပျောက်ဆုံးနေကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်က ပြောဆိုသည်။

ပျောက်ဆုံးနေသော ကျောင်းသူလေးဦးတွင် ညီအစ်မ အရင်းနှစ်ဦး ပါဝင်ပြီး ရသေ့တောင်မြို့နယ် ကျောက်စာတိုင် ကျေးရွာမှ ဖြစ်ကြောင်း၊ ပျောက်ဆုံးနေဆဲ ဖြစ်သော မဦးတင်မေဦး (၉) တန်း၊ မနီနီအေး (၇) တန်း၊ မခိုင်ဖြိုးဝေ (၅) တန်း၊ မတင်မေဦး (၅) တန်းတို့ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်တိုင် ကြီးကြပ်ပြီး ရှာဖွေရေးများ ပြုလုပ်နေသည်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီပြင်ကျေးရွာတွင်လည်း ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့က ကျောင်းစက်လှေတစီး နစ်မြုပ်ပြီး ကျောင်းသားကျောင်းသူ ၇ ဦး သေဆုံးခဲ့သည်။

(ဓာတ်ပုံ- ပိုးရွီပြင် မဟာမိတ် လူမှုကူညီရေးအဖွဲ့)




FOLLOW US