News

POST TAGGED AS

ရခိုင်

01-Oct-2017

ရခိုင်
သံတမန် ခရီးစဉ်ကြောင့် မေယုတောင်တန်းကို နယ်မြေရှင်းလင်း
စစ်တွေ၊ စက်တင်ဘာ ၃၀

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသရှိ တိုင်းရင်းသားကျေးရွာများနှင့် ဘင်္ဂါလီ ကျေးရွာများကို နိုင်ငံတကာ သံတမန်များ သွားရောက်မည့် ခရီးစဉ်ကြောင့် မေယုတောင်တန်း တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်မှ စတင်၍ နယ်မြေရှင်းလင်းသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

နိုင်ငံတကာ သံတမန်များနှင့် အစိုးရအဖွဲ့ဝင်များသည် ယင်းဒေသရှိ ဒုက္ခသည် စခန်းများနှင့် ကျေးရွာအချို့ကို အောက်တိုဘာလ ၂ ရက်နေ့၌ သွားရောက်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ပြောဆိုထားပြီး ဖြစ်သည်။

“စစ်တွေကနေ ဘူးသီးတောင် မောင်တော ခရီးစဉ်အားလုံးကို တပ်မတော် ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးမှာဖြစ်တယ်။ သံတမန်တွေရဲ့ လုံခြုံရေးအတွက် နယ်မြေတွေကို လုံခြုံရေး ချထားတာဖြစ်တယ်” ဟု လုံခြုံရေးတပ်ဖွဲ့ဝင် အရာရှိတစ်ဦးက အတည်ပြု ပြောဆိုသည်။

နိုင်ငံတကာ သံတမန်များသည် စက်တင်ဘာလ ၂၈ ရက်နေ့၌ ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်ခံရသော ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသများသို့ သွားရောက်ရန် စီစဉ်ခဲ့သည်။ သို့သော် ရသီဥတု အခြေအနေကြောင့် နိုင်ငံတကာ သံတမန်များမှ အဆိုပါ ခရီးစဉ်ကို ယာယီရွှေ့ဆိုင်းခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့၌ သွားရောက်မည် ဖြစ်သည်။   

J-07



FOLLOW US