News

POST TAGGED AS

ရခိုင်

22-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ထိုအရေးအခင်းကို BIA က အနောက်ပိုင်းတိုင်းစစ်ရုံး ဖွင့်ထိန်းသိမ်းခဲ့ရပြီး ဒေသခံ ရခိုင်၊ ဒိုင်းနက်၊ သက်၊ မြိုနှင့် ဟိန္ဒူလူမျိုးများမှာ ထိုစဉ်ကတည်းက စိုးရိမ်စိတ်များဖြင့် ကျီးလန့်စာစားနေခဲ့ရသည်။ ပြည်မမှ နိုင်ငံရေးသမားများကလည်း ၎င်းတို့အရေးကို လျစ်လျူရှုထားခဲ့ကြသည်ဟု ထင်မြင်စိတ်ဓာတ်ခံ ရှိခဲ့ကြသည် ဆိုသည်။
မြန်မာနိုင်ငံတွင် ပေါ်ထွက်လာသည့် ARSA သည် နိုင်ငံတစ်လွှား တိုက်ပွဲဝင်နေကြသော အခြားလူမျိုးစု လက်နက်ကိုင်အဖွဲ့များနည်းတူ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက်သာ ဖြစ်ပြီး အကြမ်းဖက် အဖွဲ့အစည်းအဖြစ် တံဆိပ်မကပ်သင့်ဟု ဆိုထားသော်လည်း မြေပြင်တကယ့်အခြေအနေမှာ မတူကွဲပြားသော ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြလျက်ရှိသည်။
19-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ
ပြည်တွင်းရှိ ပြည်သူအများစုရဲ့ အမြင်၊ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာ Facebook User တွေရဲ့ အမြင်ကတော့ နိုင်ငံတကာ မီဒီယာတွေဟာ နှစ်ဖက်စလုံးရဲ့အခြေအနေကို မျှတစွာ ဖော်ပြတာမလုပ်ပဲ ရိုဟင်ဂျာတွေဘက်ကချည်း တစ်ဖက်သတ် ဘက်လိုက်ဖော်ပြနေတယ်။ တကယ်အကြမ်းဖက် တိုက်ခိုက်သူက ရိုဟင်ဂျာ ကိုယ်စားပြု ARSA (Arakan Rohingya Salvation Army) ဖြစ်ပြီး ခံရသူတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်။ ဒါကိုမပြောပဲ လုံခြုံရေးတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ထိခိုက်တဲ့ ရိုဟင်ဂျာတွေ အကြောင်းပဲ ပြောနေတယ်။ ဒါကြောင့် ဘက်လိုက်တဲ့ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရမယ်ဆိုတဲ့အထိ ဖြစ်လာနေပါတယ်။
ရိုဟင်ဂျာ အမည်ခံ အကြမ်းဖက်သမားများသည် တူရကီနှင့် အမေရိကန်၏ ကြီးကြပ်မှုဖြင့် ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး၏ လက်နက်နှင့် သင်တန်းပေးမှုများ ရရှိကောင်းရရှိနေနိုင်သလို ဆော်ဒီကလည်း အစွန်းရောက်ဝါဒနှင့် ငွေကြေးပံ့ပိုးနေသည်။ ရိုဟင်ဂျာ ဒုက္ခသည်ဇာတ်လမ်းသည် မသိနားမလည်သော မီဒီယာတွင် ဖော်ပြသမျှ အဟုတ်ထင်ကြသူများ၊ မြန်မာနှင့် ဘင်္ဂလားပင်လယ်အော်၏ ရှုပ်ထွေးသော သမိုင်းနှင့် ပထဝီနိုင်ငံရေး အခြေအနေကို နားမလည်ကြသူများ၏ ခံစားချက်များကို ကြိုးကိုင်ခြယ်လှယ်ရန် ရည်ရွယ်သည့် ဧရာမ ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်သည်။
17-Sep-2017 tagged as ရခိုင်
ခုတော့ တစ်ကမ္ဘာလုံးက မီဒီယာတွေ ဝိုင်းပြီး သတင်းမှား ဖြန့်လိုက်ကြတာ တပည့်တို့ တိုင်းပြည်ဟာ လူမျိုးတုံး သတ်ဖြတ်နေပါတယ်လို့တောင် အစွပ်စွဲခံနေရခင်ဗျ။ ဒီအကြောင်းကိုတွေးရင် မိအေးနှစ်ခါနာရတဲ့ အဖြစ်ကို အသည်းနာလွန်းလို့ ဘာမှစားချင် သောက်ချင်စိတ်တောင် မရှိတော့ပါဘူးဆြာ
15-Sep-2017 tagged as မြန်မာ ရခိုင်
လတ်တလော၌ တိုင်းပြည်အား ကျူးကျော်အကြမ်းဖက်နည်း၊ မီဒီယာနည်း၊ သံခင်းတမန်ခင်းနည်း၊ ဖိအားပေးနည်း စသည့် နည်းဗျူဟာပေါင်းစုံဖြင့် ထက်အောက်ဝဲယာ ဘက်ပေါင်းစုံမှ အမဲဖျက်သလို ဝိုင်းဖျက်နေကြသည်ကို နိုင်ငံသားအားလုံး သတိပြု ဆင်ခြင်နိုင်ကြပြီး၊ လုပ်သင့်လုပ်ထိုက်သည်များအား ညီညီညွတ်ညွတ်ဖြင့် ခေါင်းချင်းဆိုင် စဉ်းစားတွေးခေါ် ဝိုင်းဝန်းလုပ်ကြမည် ဆိုလျှင် အရာရာ နောက်မကျသေးဟု ဆိုချင်ပါသည်။
အစွန်းရောက် အကြမ်းဖက်သမားတွေက အစိုးရ တပ်စခန်းတွေကို တိုက်ခိုက်တဲ့အထိတော့ သူတို့လက်ခံထားပုံ ပေါ်ပေမယ့် ဒီအပေါ် အစိုးရက တပ်အင်အား အလုံးအရင်းနဲ့ ပြန်လည် နှိမ်နင်းတာ၊ သတ်ဖြတ်တာနဲ့ နေရပ်စွန့်ခွာမှုတွေ များနေတာတွေ အပေါ်တော့ အစိုးရအပေါ်ကို အပြစ်တင်ခဲ့ကြသလို အချို့နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတဲ့ အသံတွေ ကြားနေရပါတယ်။
15-Sep-2017 tagged as ရခိုင်
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ဘူးသီးတောင်၊ မောင်တောရှိ အကြမ်းဖက်ဘေးဒဏ်သင့် ရခိုင်တိုင်းရင်းသားများကို ကျပ်သိန်း ၄၅၀၀ ကျော်ခန့် လှူဒါန်းသွားမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ ပြောခွင့်ရဆရာတော် ဒေါက်တာသောပါကက The Voice သို့ မိန့်ကြားသည်။
14-Sep-2017 tagged as ရခိုင်
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ဆက်လက်ကာရံရန်နှင့် ကာရံပြီး ခြံစည်းရိုးကို အဆင့်မြှင့်ရန် ပြည်သူများ၏ လှူဒါန်းငွေများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဘဏ်အကောင့်ဖွင့်၍ လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ သိရသည်။
12-Sep-2017 tagged as ပညာရေး ရခိုင်
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၀ ကို ယနေ့ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။