News

POST TAGGED AS

ယူကရိန်း

၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ သူပုန်ထိန်းချုပ်နယ်မြေ ကောင်ကင်ယံတွင် မလေးရှားလေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ချခဲ့မှုအတွက် ရုရှားနိုင်ငံကတာဝန်ယူရမည်ဟု ဩစတြေးလျနှင့် နယ်သာလန်က ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဥရောပ၏ အနွမ်းပါးဆုံးနိုင်ငံများထဲတွင် ပါဝင်သော ယူကရိန်းနိုင်ငံသည် ကလေးကိုယ်စားမွေးပေးရန် အငှားကိုယ်ဝန်ဆောင်ကို လိုက်ရှာသူများအကြား ရေပန်းစားသောနေရာတစ်ခု ဖြစ်လာသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံသို့ အမေရိကန် ပြည်ထောင်စုက ဖျက်အားပြင်းလက်နက်များ ပေးပို့ထောက်ပံ့နေခြင်းသည် ယူကရိန်း အရှေ့ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို အထောက်အပံ့ ဖြစ်စေမည်မဟုတ်ဟု ရုရှားအစိုးရက ဝေဖန်ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
ယူကရိန်းအရှေ့ပိုင်းတွင် ခိုင်ခိုင်မာမာ မရှိသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန် အားထုတ်မှုများကို အရှိန်မြှင့်တင်ကြရန် ရုရှားနှင့် ယူကရိန်းကို ဂျာမန် အဓိပတိ အင်ဂလာမာကယ်လ်နှင့် ပြင်သစ်သမ္မတ အီမန်နူရယ်မက်ကရွန်တို့က တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှား လေကြောင်းလိုင်းပိုင် ပျံသန်းမှု အမှတ်စဉ် MH17 လေယာဉ်ကို ပစ်ချခဲ့သည့် ဒုံးကျည်မှာ ရုရှားနိုင်ငံမှ တင်သွင်းလာခြင်း ဖြစ်ကြောင်း နိုင်ငံတကာ စုံစမ်းရေးမှူးများက ထုတ်ပြန်ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။