News

POST TAGGED AS

ယာဉ်ကြော

14-Dec-2016

ရန်ကုန်
ထွန်းထွန်းမင်းကို အနိုင်ယူခဲ့သည့် ကနေဒါလက်ဝှေ့သမား မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း လက်ထပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းကို Air KBZ အောင်လံလုပွဲတွင် အနိုင်ယူ ထိုးသတ်ခဲ့သည့် ကနေဒါနိုင်ငံသား မြန်မာ့ရိုးရာ လက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်သည် မြန်မာ့ရိုးရာထုံးတမ်းဓလေ့ အစဉ်အလာအတိုင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က စင်ထရယ်ဟိုတယ်၌ လက်ထပ် မင်္ဂလာပွဲ ကျင်းပခဲ့သည်။ 

ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒပ်သည် ရုရှားနိုင်ငံမှ ၎င်း၏ချစ်သူနှင့် လက်ထပ်ခဲ့ခြင်းဖြစ်ရာ ကစားသမား၏ ဆန္ဒအတိုင်း ယခုကဲ့သို့ စီစဉ်ပေးခဲ့ခြင်းဖြစ်သည်ဟု ယင်းမင်္ဂလာပွဲကို ကူညီဆောင်ရွက်ပေးခဲ့သည့် ပွဲစီစဉ်သူ ဦးဝဏ္ဏ (မာဂျေ) က ပြောကြားသည်။

အဆိုပါ လက်ထပ်မင်္ဂလာပွဲတွင် ဒေ့ဗ်သည် မြန်မာရိုးရာဝတ်စုံဖြစ်သည့် ခေါင်းပေါင်း၊ တိုက်ပုံ၊ တောင်ရှည်ပုဆိုးတို့ကို ၀တ်ဆင်ခဲ့သကဲ့သို့ ၎င်း၏ ဇနီးဖြစ်သူ အီရီနာတယ်ရိုဟိုဗာသည်လည်း မြန်မာ့ရိုးရာ ရင်ဖုံး၊ ထိုင်မသိမ်းထဘီ အစရှိသည့်တို့  ၀တ်ဆင်ကာ မင်္ဂလာပွဲ ဆင်နွဲခဲ့ခြင်းဖြစ်သည်။

ဒေ့ဗ်လက်ဒပ်သည် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည့် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းမှ ပထမတန်းကစားသမား တူးတူးကို အစီးသရေရရှိအောင် ထိုးသတ်နိုင်ခဲ့သူဖြစ်သည်။ 

ယင်းနောက်တွင် မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းကို စိန်ခေါ်ထိုးသတ်ခဲ့ရာ ပထမတစ်ကြိမ် ယှဉ်ပြိုင်ရာ၌ သရေကျခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့က ထိုးသတ်ခဲ့သည့် Air KBZ ရွှေအောင်လံ လုပွဲ၌ ထွန်းထွန်းမင်းအနေနှင့် ဒူးဒဏ်ရာ ရရှိခဲ့သောကြောင့် တတိယအချီတွင် ထွန်းထွန်းမင်းကို အနိုင်ရရှိခဲ့သူဖြစ်သည်။

ဒေ့ဗ်လက်ဒပ်သည် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားကို စိတ်ဝင်စားသည့်အတွက် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ စိန်ခေါ်ပွဲများ ထိုးသတ်ရန် စီစဉ်ထားသလို ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင်လည်း ထပ်မံထိုးသတ် ရဦးမည်ဖြစ်သည်။
J-04

  • VIA


FOLLOW US