News

POST TAGGED AS

ယာဉ်မောင်းလိုင်စင်

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်၊ သံသုမာလမ်းပေါ်ရှိ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနရုံး (ကညန) ရုံးမှ တာဝန်ရှိသူတစ်ဦး၏ လက်မှတ်အတုများဖြင့် ယာဉ်မောင်းလိုင်စင်အတု ပြုလုပ်နေသည့် အဖွဲ့ကို ဇွန်လ ၂ ရက် ညနေ ၄ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ယာဉ်မောင်းလိုင်စင် ဖြေဆိုသူများအဆင်ပြေစေရန် ဖြေလျှော့ဆောင်ရွက်ပေးခြင်းအဖြစ် ယာဉ်မောင်းသင်တန်းဆင်း လက်မှတ်မလိုဘဲ “ခ” လိုင်စင်ဖြေဆိုခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (စီမံရေးရာဌာန) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများအနေနှင့် မည်သည့်ယာဉ်မောင်းသင်တန်းဆင်းလက်မှတ်မျှ မလိုတော့ဘဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပို့ချမည့် ယာဉ်စည်းကမ်း ရက်တိုသင်တန်းတက်ရောက်မှသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ကညန (နေပြည်တော်) ထံမှ သိရသည်။
အွန်လိုင်းစနစ်ဖြင့် ယာဉ်မောင်းလိုင်စင် လျှောက်ထားဖြေဆိုသူ တစ်ရက်လျှင် ၄၀ဝ ကျော်အထိ များပြားလာကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယာဉ်မောင်းလိုင်စင် လက်တွေ့ဖြေဆိုရာတွင် ငှားရမ်းထားသည့် မော်တော်ယာဉ်ဖြင့် လာရောက်ဖြေဆိုပါက ဖြေဆိုခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း ယာဉ်မောင်းလိုင်စင် ထုတ်ပေးမှုများကို စိစစ်နေသောကြောင့် ယာဉ်မောင်းလိုင်စင် ဖြေဆိုသူ နေ့စဉ် ၆၀ ရာခိုင်နှုန်းအထက် ကျရှုံးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) ထံမှ သိရသည်။
အသက် ၁၆ နှစ်သာရှိသေးသည့် သားဖြစ်သူ ငွေကျပ် ရှစ်သောင်းပေးပြီး ကားမောင်းလိုင်စင်ရရှိလာသည့်အပေါ် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အစည်းအဝေးတွင် ၀န်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်