News

POST TAGGED AS

ယာဉ်လိုင်း

06-Nov-2017

ယာဉ်လိုင်း YBS
YBS လမ်းကြောင်းသစ် ပြေးဆွဲခြင်းအစား ယာဉ်စီးရေတိုး ပြေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၅

ရန်ကုန်မြို့တွင်း ပြေးဆွဲသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်လိုင်း အများဆုံးဖြစ်သည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT သည် မြို့တွင်း လမ်းကြောင်းသစ်အစားရှိပြီး ယာဉ်လိုင်းများတွင် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

တရုတ်ယာဉ်သစ်များဖြင့် ခရီးစဉ်လမ်းကြောင်းသစ် တစ်ခုကို ပြေးဆွဲရန် စက်တင်ဘာလက တင်ပြခဲ့သော်လည်း လက်ရှိတွင် ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံလိုက်သည့် ယာဉ်လိုင်းများတွင် ထည့်သွင်း ပြေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီအမှုဆောင် အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောကြားသည်။

“တိုင်းအစိုးရကို တင်ပြခဲ့ပေမယ့် ခွင့်ပြု၊ မပြု အခုချိန်အထိ အတိအကျ မသိရသေးဘူး။ ဒါကြောင့် ၉၆၊ ၉၇၊ ၉၈ ယာဉ်အိုတွေ ဒီနှစ်ရက်အတွင်း အပြီးအပ်မယ်။ ရှိနေတဲ့လိုင်းကြောင်းထဲပဲ ယာဉ်အသစ် ထည့်လိုက်တော့မယ်”ဟု ၎င်းက ဆိုသည်။

YUPT ကုမ္ပဏီတွင် လက်ရှိ ၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ်ယာဉ်အို ၁၀၂ စီး အပ်နှံရန် ကျန်ရှိနေပြီး တိုင်းအစိုးရအဖွဲ့မှ ရရှိသည့်ယာဉ်အသစ် ၅၀ဝ အနက် ၁၁၀ စီးကို YBS ၂ ယာဉ်လိုင်းတွင် ထည့်သွင်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

YUPT ကုမ္ပဏီအနေနှင့် ယာဉ်လိုင်းပေါင်း ၂၀ ကျော်ကို တာဝန်ယူပြေး ဆွဲပြီး တိုင်းအစိုးရအဖွဲ့ထံမှ ခွဲဝေရရှိသည့် တရုတ်ယာဉ်အသစ် ၅၀ဝ စီးကို YBS ၈၊ ၃၆၊ ၇၊ ၂၄၊ ၂၈၊ ၅၈၊ ၆၅၊ ၃ ယာဉ်လိုင်းတို့၌ ယာဉ်စီးရေ ၃၉၀ စီး တိုးချဲ့ ပြေးဆွဲခဲ့သည်။

နှစ် ၂၀ ကျော်သက်တမ်းရှိ ယာဉ်အို၊ ယာဉ်ဟောင်းများဖြစ်သော ၉၆၊ ၉၇၊ ၉၈ ခုနှစ်ထုတ် မော်ဒယ်လ် ခရီးသည်တင်ယာဉ် ၄၀ဝ စီးခန့်ကို အိုဟောင်းအပ်နှံခွင့်ပြုကာ လူစီး ထုတ်ပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ထံမှ သိရသည်။

ယာဉ်စီးရေ ၅၀ဝ ခွဲဝေရရှိသော ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC သည် YBS ၃၇၊ ၈၉၊ ၈၇၊ ၈၈ ယာဉ်လိုင်းတို့တွင် ယာဉ်စီး ရေ ၂၉၀ ထည့်သွင်းထားပြီး ယာဉ်စီးရေ ၂၁၀ ကို YBS ယာဉ်လိုင်းတွင် ထည့် သွင်းရန် ကျန်ရှိနေကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

J-06



FOLLOW US