News

POST TAGGED AS

ယာဉ်မတော်တဆမှု

ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် ဆောင်းခရန်ရေသဘင်ပွဲတော်၌ ငါးရက်အတွင်း လူပေါင်း ၃၂၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသခံနေရသူအရေအတွက်မှာ ၃,၁၄၀ ဦးရှိနေပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ မြို့ရှောင်လမ်းတွင် ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) က ယာဉ်မတော်တဆမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ရကြောင်း ယင်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့) ၌ ယာဉ်မတော်တဆမှုနှင့် ခိုက်ရန် ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ လူနာ ၁၇၇ ဦး တက်ရောက်ခဲ့ကြောင်း ဆေးရုံအုပ်ဒေါက်တာခင်သင်္ဂီမြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်များရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မတ်လ ၁၉ ရက်နေ့ ညနေနှင့် ညပိုင်းများတွင် ဆိုင်ကယ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားရာမှ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။