News

POST TAGGED AS

ယာဉ်ထိန်းရဲ

ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအနီး ရန်ကုန်-ပုသိမ် ကားလမ်းတွင် ဧပြီလ ၂၂ ရက် ညပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေး၍ ငွေများတောင်းခံနေသည့် ယာဉ်ထိန်းရဲ အယောင်ဆောင် အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သင်္ကြန်ပွဲတော်ရက်အတွင်း ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရန် ရေကစားမဏ္ဍပ်နှင့် အနီးနေရာနှင့် လူစည်ကားရာနေရာများတွင် ယာဉ်ထိန်းရဲ ၁၂၀၀ ခန့် အင်အားတိုး တာဝန်ချထားမည်ဖြစ်ကြောင်း အမှတ် ၈ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။
၂၀၁၇-၂၀၁၈ ပညာနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားမောင်ဇေယျာထွဋ်မှာ မတ်လ ၈ ရက် နံနက် ၈ နာရီခွဲခန့် (ဒုတိယမြောက်နေ့) တွင် ဝင်ခွင့်ကတ်ပြားကျန်ခဲ့သဖြင့် အချိန်မီဖြေဆိုနိုင်ရန် ယာဉ်ထိန်းရဲတပ်ကြပ်က ကူညီခဲ့ကြောင်း အမှတ် ၈ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။