News

POST TAGGED AS

ယာဉ်တိုက်မှု

ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ အဝေးသင် တတိယနှစ် မြန်မာစာ ကျောင်းသူတစ်ဦး ယနေ့(နိုဝင်ဘာ ၂၇ ရက်) နံနက်ပိုင်းက စာမေးပွဲဖြေရန် ဘော်ဒါဆောင်မှ ကျောင်းသို့ထွက်လာစဉ် ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ကျောင်းသူတစ်ဦးက ပြောကြားသည်။
26-Nov-2017 tagged as ယာဉ်တိုက်မှု
တာချီလိတ်မြို့နယ် စလီရွာအနီး တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့(နိုဝင်​ဘာ ၂၆ ရက်) နံနက် ၆ နာရီခန့်က ရဟန်းငယ်တစ်ပါး မောင်းနှင်လာသည့် ယာဉ်ဝင်တိုက်မိ၍ လမ်းဘေးတွင် ရပ်နေသည့် အဘွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုထံမှ သိရသည်။
ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ရိပ်သာမှတ်တိုင်အနီးတွင် Alphard ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာ ထရပ်ယာဉ်တစ်စီးနှင့် လမ်းလယ်တွင် ဆေးရေး အမှတ်အသား ရေးဆွဲနေသော အမျိုးသား ခြောက်ဦးကို ဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၂ နာရီခန့်က ကရိန်းကားနှင့် အိမ်စီးကား မျက်နှာချင်းဆိုင် တိုက်မိရာမှ ရဲအုပ်တစ်ဦး အပါအဝင် အမျိုးသားသုံးဦး သေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း ကျွန်းကုန်းနယ်မြေရဲစခန်းထံမှ သိရှိရသည်။
25-Nov-2017 tagged as ယာဉ်တိုက်မှု
မလှိုင်မြို့နယ် လယ်တကောင်း ကျေးရွာအနီးရှိ မိတ္ထီလာ -မြင်းခြံ ကားလမ်းပေါ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် အစောပိုင်းက အသက် ၇၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ယာဉ်တိုက်ခံရ၍ သေဆုံးခဲ့ကြောင်း အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
24-Nov-2017 tagged as ယာဉ်တိုက်မှု
ကမ္ဘာအေးဘုရားလမ်းရှိ အင်းလျားလိပ်ဟိုတယ်လမ်းဆုံ မီးပွိုင့်အနီးတွင် နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က သရုပ်ဆောင်နေမင်း မောင်းလာသည့် Alphard ယာဉ်အပါအဝင် ယာဉ်လေးစီးကို တစ်ဖက်ယာဉ်ကြောမှ မောင်းလာသည့် ကိုယ်ပိုင်ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဖြစ်ပြီး ဝင်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Nov-2017 tagged as ယာဉ်တိုက်မှု
တိုက်ကြီးမြို့နယ် ဥက္ကံမြို့ သာယာကုန်းကျေးရွာအုပ်စု အုန်းကုန်းရွာအနီး ယနေ့(နိုဝင်ဘာ ၁၂ ရက်) နံနက် ၁ နာရီခန့်က စက်ချို့ယွင်းသဖြင့် ကားလမ်းပေါ်တွင် ရပ်ထားသော ၂၂ ဘီးကားကို ကန်တာ အမျိုးအစား ယာဉ်က နောက်မှ ဝင်တိုက်မိသဖြင့် သုံးဦးသေဆုံးပြီး လေးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဥက္ကံနယ်မြေရဲစခန်းထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဘုရားပွဲမှ ပြန်လာသည့် ကားဖြင့်တိုက်မိရာမှ လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကလေးမြို့မ ရဲစခန်းမှ သိရသည်။
27-Oct-2017 tagged as ယာဉ်တိုက်မှု
သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင်အနီး ယမုံနာလမ်းတွင် ယနေ့ (အောက်တိုဘာလ ၂၇ ရက်) မွန်းလွဲ ၂ နာရီခွဲက YBS (၃၁) ယာဉ်နှင့် ကျောင်းကြို/ပို့ လိုက်ထရပ်ယာဉ် တိုက်မိခဲ့ပြီး ကျောင်းသားကျောင်းသူများ ထိခိုက်ဒဏ်ရာ အနည်းငယ်ရခဲ့ကြောင်း အခင်းဖြစ်စဉ် မြင်တွေ့ခဲ့သူများထံမှ သိရသည်။
မွန်ပြည်နယ်တွင် ၉ လအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂၃၄ ဦးရှိသည်ဟု အမှတ် (၁၂) ယာဉ် ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး(မွန်)မှ သိရသည်။