News

POST TAGGED AS

ယာဉ်တိုက်မှု

07-Jul-2017 tagged as ယာဉ်တိုက်မှု YBS
မင်္ဂလာဒုံမြို့နယ် ပြည်လမ်းရှိ ရွှေညောင်ပင် ဘိုးဘိုးကြီး နတ်နန်းဟောင်း အနီးတွင် ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းက YBS ယာဉ်လိုင်းအမှတ် (၅၅) နှင့် (၃၇) ခရီးသည်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်ရာမှ လူကိုးဦး သေဆုံးခဲ့ပြီး ၃၀ ကျော်မှာ ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာ ရခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Jun-2017 tagged as ယာဉ်တိုက်မှု
နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်းလမ်းဆုံ အနီးတွင် ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၈ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် ဖောကားတစ်စီး တိုက်မိရာမှ နှစ်ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
07-Jun-2017 tagged as ယာဉ်တိုက်မှု
အင်းစိန်မြို့နယ် ပြည်လမ်း စော်ဘွားကြီးကုန်းလမ်းဆုံတွင် ယနေ့ (ဇွန်လ ၇ ရက်) နံနက် ၅ နာရီခွဲက ယာဉ်သုံးစီး ဆင့်တိုက်မိရာမှ YBS ယာဉ်လိုင်း အမှတ် (၁၁) ခရီးသည်တင် မီနီဘတ်စ်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
31-May-2017 tagged as ယာဉ်တိုက်မှု
ရန်ကုန်- မန္တလေး အမြန်လမ်းမိုင်တိုင်၂၀၇ အနီး၌ ယနေ့(မေလ ၃၁ ရက်) နံနက် ၂ နာရီခန့်က ကွန်ကရစ် လမ်းဘေးအစပ်တွင် ရပ်ထားသည့် လိုက်ထရပ်ယာဉ်ကို ရွှေမန်းသူယာဉ်လိုင်းပိုင် Express ယာဉ်တစ်စီးက ဝင်တိုက်ခဲ့သည့်အတွက် အမျိုးသားနှစ်ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိ
29-May-2017 tagged as ယာဉ်တိုက်မှု
ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့အုတ်ဖိုစု ကျေးရွာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မေလ ၂၈ ရက် ည ၁၁ နာရီခန့်က ရန်ကုန်-တောင်ငူ ပြေးဆွဲသည့် ဂန္တဝင် ခရီးသည်တင်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိရာမှ ဆိုင်ကယ်မောင်းသူ အမျိုးသား သေဆုံးခဲ့သည်။
26-May-2017 tagged as ယာဉ်တိုက်မှု
မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဘုရားလမ်းမှတ်တိုင်အနီးတွင် မေလ ၂၅ ရက် ညနေ ၄ နာရီခန့်က YBS ခရီးသည်တင်ယာဉ် နှစ်စီး တိုက်မိရာမှ ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း ကျောက်တံခါးမြို့နယ် မိုင်တိုင် ၅၂ အနီး နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်တင် Express ယာဉ်နှစ်စင်း တိုက်မိရာမှ ဘုန်းတော်ကြီးတစ်ပါး အပါအဝင် အမျိုးသား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။
04-May-2017 tagged as ယာဉ်တိုက်မှု
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၃ အနီးလမ်းအစပ်၌ မေလ ၃ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ကားရပ်တန့်ပြီး ပြင်ဆင်နေသည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်ကို ဟိုက်အေ့စ်ယာဉ်တစ်စင်းက နောက်မှဝင်တိုက်မိ၍ အမျိုးသားနှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ သိရသည်။
28-Apr-2017 tagged as ယာဉ်တိုက်မှု
သင်္ဃန်းကျွန်းမြို့နယ် သံသုမာလမ်းနှင့် ရွှေအင်ကြင်းမီးပွိုင့်တွင် ဧပြီလ ၂၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က YBS ယာဉ်လိုင်း ၇၆ မီနီဘတ်စ်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ်ကိုးစီး ဆင့်တိုက်မိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
23-Apr-2017 tagged as ယာဉ်တိုက်မှု
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း သွားဖွားသင်တန်းကျောင်းရှေ့တွင် ဧပြီလ ၂၂ ရက်ည ၁၁ နာရီကျော်က ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူမြို့မ ရဲစခန်းမှ သိရှိရသည်။