News

POST TAGGED AS

ယာဉ်တိမ်းမှောက်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာ (ဂန့်ဂေါ- ပုလဲ ကားလမ်းမိုင်တိုင်အမှတ် ၆၇/၄-၅ ကြား) လယ်ဓမ္မာကျေးရွာအနီးတွင် ကဘော်ရွှေပြည်ယာဉ်လိုင်း တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဂန့်ဂေါမြို့မရဲစခန်း ထံမှသိရှိရသည်။
ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဖားလက်ခိုအုပ်စု၊ ဇင်ယော်ကျွန်းကျေးရွာ မြစ်ဆိပ်ကမ်း၌ မတ်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က မင်္ဂလာဆောင်သို့သွားသည့် ဂွန်ဒေါင်းကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူသုံးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုကြုံခဲ့ရသော မင်းမင်းဦးဇာတ်သဘင်အဖွဲ့မှ လူရွှင်တော်တစ်ဦး မန္တလေးဆေးရုံကြီး၌ မတ်လ ၁၃ ရက်နေ့က ထပ်မံသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းသဘင်ပညာရှင်များ အစည်းအရုံးထံမှ သိရသည်။
အမ်းမြို့နယ်တွင် မတ်လဆန်းက ရခိုင့်အားမာန် ခရီးသည်တင်ယာဉ် ချောက်ထဲကျ တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၅ ဦးနှင့် အတွင်းလူနာ ၁၁ ဦးအတွက် မတ်လ ၉ ရက်က အာမခံ လျော်ကြေးပေးခဲ့ကြောင်း ရခိုင်အားမာန်ယာဉ်ဂိတ်ပိုင်ရှင် ဦးကျော်ဌေးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဒုဋ္ဌဝတီတံတားအနီးတွင် မတ်လ ၉ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဇာတ်အဖွဲ့သားများ လိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၇ ဦး သေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ရှိ အမှတ် ၁၂၀ ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ မော်တင်စွန်း ဘုရားပွဲတော်သို့ သွားရောက်သည့် မော်တော်ယာဉ်တစ်စီးသည် ယနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်) နံနက် ၈ နာရီခန့် တိမ်းမှောက်ခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဟောင်ကောင်တွင် စနေနေ့ညနေပိုင်းက ခရီးသည်တင် နှစ်ထပ်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာလူ ၁၉ ဦးသေဆုံးပြီး ၆၅ ဦး ဒဏ်ရာရရှိသွားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျိုင်းဖောင်းရွာထိပ်တွင် နိုဝင်​ဘာလ ၃၀ ရက်နေ့ ည ၉ နာရီခန့်က အိမ်စီးယာဉ်တစ်စီး ညောင်ပင်ကို ဝင်တိုက်မိ၍ ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးအထူးကု ဆေးရုံကြီးအနီး ပြည်လမ်းတွင် နိုဝင်ဘာလ ၂၂ ရက် နံနက် ၃ နာရီခွဲက စိန်ဝင်းနှင့် ရောင်းရင်းများ ဘုရားဖူး ပို့ဆောင်ရေး ယာဉ်လိုင်းမှ မှန်လုံယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့သောကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီး တစ်ဦးမှာ သေဆုံးခဲ့ပြီး ၁၁ ဦးမှာ ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်-မန္တလေးလမ်းဟောင်း၊ တောင်ငူမြို့နယ် ကျွန်းကုန်းရွာအနီးတွင် ယနေ့(အောက်တိုဘာလ ၂၈ ရက်) နံနက် ၅ နာရီခန့်က စီအာဗွီ အမျိုးအစား မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ရာမှ နှစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကျွန်းကုန်းနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။