News

POST TAGGED AS

ယာဉ်တိမ်းမှောက်

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ အမ်း-မအီ ကားလမ်း မိုင်တိုင်အမှတ် ၁၅ အနီးတွင် ယနေ့ (မေလ ၁၂ ရက်နေ့) မနက်ပိုင်းက လူ ၄ ဦး လိုက်ပါလာသည့် Land Cruiser တစ်စီး ဘရိတ်ပေါက် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းသေဆုံးသွားကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
နေပြည်တော် - မြို့သစ် - ကံပြား ကားလမ်းမပေါ် မိုင်တိုင် ၄၆ အနီး သန်းကုန်းကျေးရွာ အရှေ့ဘက်တွင် ယနေ့ (မေလ ၁၀ ရက်) နံနက် ၅ နာရီခန့်က ရန်ကုန်မှ မကွေးသို့ မောင်းနှင်လာသည့် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း မြို့သစ်မြို့မ ရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်လော့ (အထက်ရွာအနီး) ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၆၅၇ နှင့် ၆၅၈ အကြားတွင် မေ ၅ ရက်နေ့ ညနေ ၄ နာရီခန့်က အိမ်စီးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ရာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံးထံမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၃၅ အနီး ယနေ့ (မေလ ၃ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော် ကောင်စီနယ်မြေမှ ဇီဝိတပါလအသင်းပိုင် လူနာတင်ယာဉ်တစ်စီး နောက်ဘီးပေါက် တိမ်းမှောက်ခဲ့ရာမှ ယာဉ်ပေါ် လိုက်ပါလာသူများအနက် သံဃာတစ်ပါး အပါအဝင် ခရီးသည် ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ မှူးရုံး (နေပြည်တော်) ထံမှ သိရသည်။
တာချီလိတ်မြို့နယ် စန်းလုရွာနှင့် ယန်းခေါင်ရွာကြားရှိ တာချီလိတ်-မိုင်းဆတ်လမ်းပေါ်တွင် ဧပြီလ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်က မော်တော်ယာဉ်တစ်စီး ချောက်အတွင်းသို့ထိုးကျ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာမြို့ ကျီးမနိုးကျေးရွာအုပ်စု၊ စိမ့်ကြီးကျေးရွာ တောင်ပေါ်လမ်းတစ်ခုတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က ထင်းများ တင်ဆောင်လာသည့် ယာဉ်တစ်စင်း တိမ်းမှောက်ခဲ့ရာ အမျိုးသားသုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရှိခဲ့ကြောင်း ဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၆ အနီးတွင် ယနေ့ (ဧပြီလ ၂ ရက်) နံနက်ပိုင်းက ခြောက်ဘီးကားတစ်စီး ယာဉ်မောင်း အိပ်ငိုက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်တိုက်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်)ထံမှ သိရှိရသည်။
ဗိုလ်ချုပ်လမ်းရှိ ဆာကူရာတာဝါ အရှေ့တွင် ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက် ၆ နာရီက YBS ယာဉ်နှစ်စီး တိုက်မိရာမှ ယာဉ်လိုင်း ၅၆ မီနီဘတ်စ်ယာဉ် တိမ်းမှောက်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၄ အနီး ယာဉ်မီးလောင်ရာမှ ရှစ်ဦး သေဆုံးမှုကို အမှုမှန် ဖော်ထုတ်ရန် စီအိုင်ဒီထံ အမှုလွှဲမည်ဖြစ်ကြောင်း နေပြည်တော် အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ရန်နောင်ဝင်းက ပြောကြားသည်။
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် ၄ နှင့်၂ ဖာလုံအနီးတွင် ဘုရားဖူးပြန်လာသူ ရှစ်ဦး မီးလောင် သေဆုံးခဲ့သော ဘုရားဖူးယာဉ်ကို တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသားက မောင်းနှင်ခဲ့ဟု ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) မှုခင်းဌာနမှ ရဲမှူးရန်နောင်ဝင်းက ပြောကြားသည်။