News

POST TAGGED AS

ယဉ်ကျေးမှု

07-Nov-2017

ပုဂံ
အာနန္ဒာအုတ်ကျောင်း နံရံဆေးရေး ပန်းချီများကို ထိုင်းပညာရှင်များ သုတေသနပြု ထိန်းသိမ်းမည်
နေပြည်တော်၊ နိုဝင်ဘာ ၇

မြန်မာ့ယဉ်ကျေးမှု ခေတ်လက်ရာ အစုံရှိသော ပုဂံမြို့ဟောင်းတွင် ကုန်းဘောင်ခေတ်လက်ရာ အကောင်းဆုံးနံရံ ပန်းချီများရှိသည့် အာနန္ဒာအုတ်ကျောင်းနံရံ ဆေးရေးပန်းချီများကို ထိုင်းအခြေစိုက် ရှေးဟောင်း သုတေသန အနုပညာဗဟိုဌာနက ယခုနှစ်မကုန်မီ သုတေသနပြု ပြုပြင်ထိန်းသိမ်းမည်ဟု အဆိုပါအဖွဲ့တွင် သုတေသနပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးညွန့်ဟန်က ပြောကြားသည်။

အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ အသင်းအောက်တွင်ရှိသော ထိုင်းအခြေအစိုက် ရှေးဟောင်း သုတေသန အနုပညာ ဗဟိုအဖွဲ့သည် အာနန္ဒာအုတ်ကျောင်း နံရံဆေးရေး ပန်းချီများကို ထိန်းသိမ်းရန် ထိုင်းမှပညာရှင်များ စေလွှတ်ပြီး နံရံဆေးရေး ပန်းချီများ ထိန်းသိမ်းခြင်း၊ နံရံဆေးရေးတွင် အသုံးပြုသည့် ဆေးပစ္စည်းများ ရသည့်နေရာများကို  သုတေသနပြုခြင်း၊ ဓာတ်ခွဲခြင်း လုပ်ငန်းများကို ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အတူ ပူးပေါင်းထိန်းသိမ်းခြင်း လုပ်ငန်းများကို ၃ နှစ်အထိ ဆောင်ရွက်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြာသည်။

“ဒီအုတ်ကျောင်း ထိန်းသိမ်းဖို့အတွက် ငလျင်လှုပ်ပြီတဲ့ နှစ်ကစပြီး အဆိုပြုခဲ့တာပါ။ ပြင်ဖို့အတွက်ကုန်ကျမယ့် ဘတ်ဂျက်ကို တွက်ချက်နေဆဲပါ”ဟု ၎င်းက ဆိုသည်။

အာနန္ဒာအုတ်ကျောင်း ပြုပြင်မှုအတွက်ကို ယူနက်စကိုက ဒေါ်လာသန်းချီ သုံးပြီပြုပြင်မည်ဟု ကြားထားပြီး ထိုင်းမှ ပြုပြင်ဆိုသည့်အချက်ကို ယခုမှသိရှိကြောင်း၊ ပုဂံတွင် နံရံဆေးရေး ပန်းချီရှိသည့် ဘုရားပေါင်း ၄၅၀ ကျော်ရှိသည့်အနက် မြင်းကပါ ဂူပြောက်ကြီးဘုရား နံရံဆေးရေး ပန်းချီသည် အကောင်းဆုံးဟု ရှေးဟောင်းသုတေသနတွင် ဒုညွှန်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးအောင်ကြိုင်က မှတ်ချက်ပေးသည်။

အာနန္ဒာအုတ်ကျောင်းကို မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ်တွင်တည်ပြီး တည်သည့်ကုသိုလ်ရှင်မှာ ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာ ဖြစ်သည်။ ၎င်းအုတ်ကျောင်းကို ၁၀ နှစ်တိုင် တည်ဆောက်ရပြီး အလုပ်သမားခသည် ထိုခေတ် ကျပ်သုံးထောင် ကိုးရာ့ငါးဆယ်ကုန်ပြီး ပုဂံမြို့ဟောင်း အပြင်ဘက်ရှိ အာနန္ဒာစေတီမြောက်ဘက်တွင်ရှိသည်ဟု ရှေးဟောင်းသုတေသီများထံမှ စုံစမ်းသိရှိရသည်။

T.L

  • VIA


FOLLOW US