POST TAGGED AS

မန္တလေး

မြန်မာတို့ရဲ့ နောက်ဆုံး မင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးမြို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ လက်မှုလုပ်ငန်းတွေ၊ ဗိသုကာလက်ရာမြောက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ သဘာဝလှပတဲ့ ရှုမျှော်ခင်းတွေနဲ့ နန်းဆန်တဲ့ မြို့တစ်မြို့ပါ။ အဲဒီလို ရှုခင်းတွေနဲ့ မန္တလေးမြို့ရဲ့ ညနေခင်း အလှအပ မြင်ကွင်းပုံရိပ် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
19-Nov-2016 tagged as မန္တလေး
မန္တလေးခရိုင်အတွင်း လမ်းပေါ်နေ ကလေးများ လျော့နည်းပပျောက်ရေး၏ ကနဦး စီမံချက်အရ လမ်းပေါ်နေ ကလေး ၁၂ဝ ကို စစ်တမ်းကောက်ယူခဲ့ရာတွင် ယင်းတို့အနက် ၇၅ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို သုံးစွဲနေသည်ကို တွေ့ရကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။
11-Nov-2016 tagged as မန္တလေး
အစိုးရ အကူးအပြောင်းကာလ မန္တလေးခရိုင်အတွင်း ယခင်အစိုးရ တာဝန်ရှိသူတို့က လက်သိပ်ထိုး ချထားပေးခဲ့သည့် မြေကွက်များ ရယူမှုတွင် ယခင် အစိုးရ အကြီးအကဲ အချို့၏ ဆွေမျိုးသားချင်းများ ပါဝင်နေပြီး အမည်ခံ လျှောက်ထားမှုများလည်း တွေ့ရှိရကြောင်း စစ်ဆေးရေး အဖွဲ့ထံမှ သိရသည်။
30-Oct-2016 tagged as မန္တလေး
ကျောက်မဲမြို့နယ်အတွင်းရှိ မူလတန်းလွန် စာသင်ကျောင်း တစ်ခုမှ ကျောင်းအုပ်ဆရာ တစ်ဦးကို အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းက မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး သုံးသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
30-Oct-2016 tagged as မန္တလေး Halloween
မန္တလေးမြို့ခံ လူငယ်များ အနုပညာ လုပ်ငန်းများ ပိုမို လွတ်လပ်စွာ လုပ်ဆောင် နိုင်ရေးအတွက် Young Dream Halloween ပြပွဲကို လူငယ် အနုပညာရှင်များ အောက်တိုဘာလ ၃ဝ ရက်နေ့က စုပေါင်း ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲ ပြုလုပ်သည့် Young Dream အဖွဲ့မှ ဦးရည်ချွန်ကျော်က ပြောကြားသည်။
30-Oct-2016 tagged as မန္တလေး
မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်ရှင်နှင့် အလုပ်သမားအကြား အချင်းချင်း မပြေလည်မှုကြောင့် တိုင်ကြားသည့် အမှုတစ်လလျှင် သုံးမှုဝန်းကျင်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန စစ်ဆေးရေးအရာရှိ ဒေါ်ခင်ခင်ဆွေမြင့်က ပြောကြားသည်။
26-Oct-2016 tagged as မန္တလေး
“သူဆင်းလာတာကတစ်ယောက်ထဲ KENBO -125 အနက်ရောင်နဲ့ မိုးကုတ်ကနေ မန္တလေးဘက်ကို ဆင်းလာတယ်။ မိုးကုတ်မြို့နယ်က နိုင်ငံခြားသားကန့်သတ်နယ်ဖြစ်တော့ သွားခွင့်မရှိဘူးဆိုတာ သူမသိဘူးဖြစ်လိမ့်မယ်။ သူလာတာက မန္တလေး၊ ပြင်ဦးလွင်ကနေ မိုးကုတ်ကို ရောက်ပြီးမှ ဒီဘက်ကို နေ့ချင်းဆင်းလာတယ်လို့ သိရတယ်။ အခုသူ့ကို ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး(လတ်တလော ပြဌာန်းချက်များ)အက်ဥပဒေ ပုဒ်မ ၄(၂)အရ အရေးယူထားပါတယ်”
21-Oct-2016 tagged as မန္တလေး
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းအနီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တောင်သမန်သစ္စာ စီမံကိန်းကို ဒေသခံအများစုက မနှစ်သက်ကြကြောင်း အမရပူရမြို့နယ် တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက ပြောကြားသည်။
20-Oct-2016 tagged as မန္တလေး
မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိ သည့် မန္တလေးမြို့ပေါ် ခုနစ်နေရာတွင် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
15-Oct-2016 tagged as မန္တလေး
မန္တလေး မြို့သူမြို့သားတို့ လွန်ခဲ့သည့်နှစ်ပေါင်း ငါးဆယ်ခန့်က ပိုင်ဆိုင်ခဲ့သည့် နိဗ္ဗာန်ဘုံငယ်လေး တစ်ခု ပြန်ရရန် လမ်းစ ပေါ်လာခဲ့နေပြီ။