News

POST TAGGED AS

မန္တလေး

တရုတ်နိုင်ငံ ကွမ်ကျိုးအခြေစိုက် 9 Air လေကြောင်းကုမ္ပဏီသည် အောက် တိုဘာလအတွင်း ကွမ်ကျိုး-မန္တလေး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်သစ်ကို စတင်ပျံသန်းရန်စီစဉ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
မြစ်သားမြို့နယ် ကူမဲမြို့မှ အမှုသည်လင်မယားကို ရဲတပ်ဖွဲ့က လာရောက်ဆင့်ဆိုခေါ်ဆောင်ရာတွင် အင်အား ၁၂ ဦးခန့်ဖြင့် ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ယင်းအမှုသည်လင်မယားနှစ်ဦးက မီဒီယာစင်တာမန္တလေးတွင် စက်တင်ဘာလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ဌာန ၁၄ ခု အနက် အချို့ဌာနများသို့ လူကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှလုပ်ဆောင်နိုင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီဝင်များက ပြောကြားသည်။
မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်နေသူများ ဒဏ်ကြေးများပေးဆောင်ရန် ညွှန်ကြားထားသော်လည်း ငါးလကျော်ကြာသည်အထိ ဒဏ်ကြေးပေးဆောင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။
17-Sep-2018 tagged as မန္တလေး လက်ဖက်
မြန်မာနိုင်ငံရှိ လက်ဖက်စိုက်တောင်သူများ၏ ဒေသမျိုးရင်းလက်ဖက်ထွက်ကုန်များကို ဥရောပဈေးကွက်သို့ ပို့ဆောင်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Helvetas အဖွဲ့ထံမှ သိရသည်။
မိုင်ပေါင်း ၃၆၆ မိုင်ရှည်သည့် ရန်ကုန်-မန္တလေးအမြန်လမ်းနေရာ ၄ နေရာ၌ ယာဉ်ရပ်နားစခန်းငယ် ၆ ခုထပ်ဆောက်မည်ဖြစ်ကြောင်း အမြန်လမ်းမကြီးပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့ အင်ဂျင်နီယာမှူးကြီး ဦးတိုးတိုးက ပြောကြားသည်။
မန္တလေးစက်မှုဇုန်တွင်ရှိသော သံရည်ကျိုအလုပ်ရုံအချို့ လုပ်ငန်းရပ်ဆိုင်းထားရကြောင်း မန္တလေးစက်မှုဇုန် ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောကြားသည်။
13-Sep-2018 tagged as စည်ပင် မန္တလေး
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနမှ ဝန်ထမ်းတစ်ဦးသည် ပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခဲ့သောကြောင့် အလုပ်မှထုတ်ပယ်လိုက်ကြောင်း ယင်းအမှုကိုစစ်ဆေးသည့် စုံစမ်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းမြင့်က ပြောကြားသည်။
မန္တလေးတိုင်းအတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၀ ကျောင်းတွင် တစ်ပတ်လျှင်တစ်ကြိမ် စာကြည့်တိုက်အချိန် ထည့်သွင်း သင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း၊ ဒုဥက္ကဋ္ဌ ၂ ဒေါ်မြတ်စန်းငြိမ်းက ပြောကြားသည်။
ရန်ကုန်-မန္တလေးရထား တိုက်ရိုက်မပြေးနိုင်၍ ဩဂုတ်လ ၃၁ ရက်မှ ယနေ့ထိ တစ်ရက်ဝင်ငွေ ကျပ်သိန်း ၄၇၀ ကျော် ဆုံးရှုံးနေကြောင်း မြန်မာ့မီးရထား၊ (တိုင်း-၇)၊ သွားလာပို့ဆောင်ရေးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။