News

POST TAGGED AS

မန္တလေး

ဆိုင်ကယ်ခိုးယူသူကို GPS စနစ်ဖြင့် ဖမ်းမိ
မန္တလေး၊ ဇွန် ၈

အောင်မြေသာစံမြို့နယ် အတွင်းရှိ ကုသိုလ်တော်ဘုရားသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားတစ်ဦး၏ မော်တော်ဆိုင်ကယ်ကို ခိုးယူခဲ့သူအား ဂျီပီစက် (GPS) စနစ်ဖြင့် ခြေရာခံကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

ဂျာမနီနိုင်ငံသားတစ်ဦးသည် ၎င်းတည်းခိုသည့် ဟိုတယ်မှ ဆိုင်ကယ်ငှား၍  ဇွန် ၅ ရက်နေ့က ကုသိုလ်တော်ဘုရားသို့ သွားခဲ့ရာ၌ ခိုးယူခံခဲ့ရခြင်း ဖြစ်ပြီး ဟိုတယ်သို့ အကြောင်းကြားခဲ့ရာ ဆိုင်ကယ်ပိုင်ရှင် ဟိုတယ်ဝန်ထမ်းက ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း၊ ဆိုင်ကယ်တွင်  တပ်ဆင်ထားသည့် GPS စနစ်ဖြင့် ခြေရာခံရာမှ မတ္တရာမြို့နယ်အတွင်း ရောက်ရှိနေသည်ကို သိရှိခဲ့ပြီး ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် မော်တော်ဆိုင်ကယ် လက်ဝယ်တွေ့ရှိသူ အသက် ၂၅ နှစ် အရွယ်ရှိ အောင်မျိုးခိုင် (ခ) အောင်မျိုးကို ယင်းမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းက (ပ) ၃၅၆/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉ (မဆ) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရစခန်းထံမှ သိရသည်။         

M-04



FOLLOW US