News

POST TAGGED AS

မန္တလေး

ပုဂံဘုရားများတွင် အဂါရဝဖြစ်စေသည့် အပြုအမူများအတွက် အရေးယူနိုင်ရန် စီစဉ်
မန္တလေး၊ ဇွန် ၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများတွင် အဂါရဝ ဖြစ်စေသည့်အပြုအမှုများ ပြုလုပ်သူများကို  အရေးယူနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ဘုရားများပေါ်တွင် အဂါရဝ ဖြစ်စေသည့် အပြုအမှုများ ပြုလုပ်ပါက အရေးယူနိုင်ရန် ဇွန်လ ဒုတိယပတ်အတွင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြမည်ဖြစ်ကြောင်း၊ ရှေးဟောင်း ဥပဒေများအရ အရေးယူနိုင်ခြင်း မရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“ဖြစ်စဉ်ဖြစ်ခဲ့တယ်။ ယခင်ကလည်း ဒါမျိုးတွေ ဖြစ်ခဲ့တယ်။ နောက်မဖြစ်အောင် အရေးယူနိုင်ဖို့ လုပ်ရမယ်။ မိခဲ့ပြီးရင်တောင် ရှေးဟောင်း ဥပဒေအရ အရေးယူတဲ့အပိုင်းတွေ မပါဘူး။ ဒါကြောင့် ဘာနဲ့အရေးယူမလဲ ဆိုတာတွေကို တင်ပြမယ်”ဟု ၎င်းကရှင်းပြသည်။

နိုင်ငံခြားသူတစ်ဦးက အဝတ်အစားမပါဘဲ ပုဂံဘုရား နောက်ခံဖြင့် အမြင် မတင့်တယ်သည့်ပုံများ ဇွန်လ ၅ ရက်နေ့က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်  တင်ခဲ့ခြင်းနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ လူစည်ကားရာ နေရာများ၊ ဘုရားအများစု ရှိသည့် နေရာများ၊ ခရီးသွားများ လာရောက်လည်ပတ် မူများသည့်နေရာများတွင် အဂါရဝဖြစ်စေသည့် အပြုအမူများ မပြုလုပ်ကြရန်နှင့် မဖျက်ဆီးကြရန် စသည့်အချက်များ ပါဝင်သည့် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားသော ဆိုင်းဘုတ် ၄၂ ခုကို စိုက်ထူထားသည်။ 

M-05



FOLLOW US