News

POST TAGGED AS

မန္တလေး

စိမ်းလဲ့ကန်သာ အပါအဝင် အိမ်တော်များပြင်ရန် နှစ်စဉ်သန်း ၃၀ ကျော် တောင်းသည့်ကိစ္စရှင်းလင်းရန် လိုအပ်ဟုဆို
နေပြည်တော် ၊ ဩဂုတ် ၂၈

ရန်ကုန်မြို့ရှိ နိုင်ငံတော်၏ အိမ်တော်များဖြစ်သည့် စိမ်းလဲ့ကန်သာနှင့် အင်းလျားကန်သာရှိ အိမ်တော် ၁၈ လုံးပြင်ရန် နှစ်စဉ် ပြင်ဆင်စရိတ် ကျပ် ၃၁ ဒသမ ၁၅၁ သန်း တောင်းခံရခြင်း၏ အချက်အလက်ကို တိကျသေချာစွာပေးနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ငွေစာရင်း ပူးပေါင်းကော်မတီက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။

၂၀၁၈ -၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာ သုံးသပ်ချက်ကို ငွေစာရင်းပူးပေါင်းကော်မတီက စိစစ်ရေးအဖွဲ့ငယ် (၁) ၏ တင်ပြထားချက်ကို ပူးပေါင်းကော်မတီက အထက်ပါကိစ္စကို ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းစရိတ်ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ငွေလုံးငွေရင်း အသုံးစရိတ်တွင် မွမ်းမံခြင်းလုပ်ငန်းခေါင်းစဉ်ဖြင့် တင်ပြတောင်းခံထားခြင်းဖြစ်ပြီး မည်သည့်အိမ်တော်က ပြုပြင်ခြင်း ပျက်စီးခြင်းကို တိကျစွာ အချက်အလက်ပေးနိုင်ခြင်း မရှိသည်ကို တွေ့ရကြောင်း ကော်မတီအစီရင်ခံစာတွင် ပါရှိသည်။

ယင်းအပြင် အိမ်တော် ထိန်းသိမ်းရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် အခြားအဆင့် ၂၇ ဦးကို တာဝန်ထမ်းဆောင်နေသည်ဟုဆိုသည့်အပြင် အောက်ခြေဝန်ထမ်း ၆၂ ဦးဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဆိုထားကြောင်း၊ ယင်းကြောင့် ပိုလျှံဝန်ထမ်းများ အထူးသတိထားရန် လိုအပ်ကြောင်း စိစစ်ရေးအဖွဲ့များက အကြံပြုထားသည်။

စိစစ်ရေးအဖွဲ့ (၆) ၏ တင်ပြချက်တွင် နိုင်ငံအတွင်းတင်ဒါကင်းလွတ်ခွင့်နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တင်ဒါ စည်းမျဉ်းစည်းကမ်း (၁/၂၀၁၇ ) နှင့်အညီ ဖြစ်စေရေးအတွက် အမြန်ဆုံး တည့်မတ်ထိန်းကျောင်းသင့်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် Regulatory Body အဖြစ် ရည်ရွယ်ချက်ထားဆောင်ရွက်ရာတွင် ဌာနများ၏ တည်ဆောက်ရေးလုပ်ငန်းများ အပ်နှံမှုအား ကိုယ်တိုင်ဆောင်ရွက်ခြင်းထက် မှန်ကန်ထိရောက် အကျိုးများသည့် တင်ဒါစနစ် ပေါ်ပေါက်လာစေရေးကို ဦးတည်ဆောင်ရွက်သင့်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။ 

S-01



FOLLOW US