News

POST TAGGED AS

မန္တလေး

အမဲလိုက်ရန် ယူဆောင်သွားသည့် တူမီးသေနတ် ကျည်ပေါက်၍ သေဆုံး
တောင်ငူ၊ ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာအုပ်စု လက်ပံခုံ ကျေးရွာဒေသခံတစ်ဦး ဩဂုတ် ၁၀ ရက် ညနေပိုင်းက ခပေါင်းဆည်အနီး အမဲလိုက်သွားစဉ် ၎င်းယူဆောင်သွားသည့် တူမီးသေနတ်ကျည်ပေါက်ပြီး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အုတ်တွင်းမြို့နယ် ရွှေလောင်းကျေးရွာအုပ်စု လက်ပံခုံကျေးရွာနေ ဦးအောင်နိုင်ဝင်း (၃၇ နှစ်) သည် ဝါးခုတ်သည့်ယာယီတဲမှ ချောင်းဖျားသို့ အမဲလိုက်သွားရာမှ တဲသို့ပြန်မလာသဖြင့် သမက်တော်စပ်သူ အမျိုးသားက ည ၉ နာရီခန့်က လိုက်ရှာရာမှ အဆိုပါ ချောင်းဖျားကမ်းစပ်တွင် တူမီးသေနတ်ဒဏ်ရာများဖြင့် လဲကျနေသည်ကိုတွေ့ရှိခဲ့ပြီး ဦးအောင်နိုင်ဝင်းက သေနတ်ကျည်ပေါက်ခဲ့သည်ဟု ပြောဆိုခဲ့ခြင်းကြောင့် တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့သော်လည်း ည ၁၂ နာရီ ခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှသိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး သေဆုံးသူ အောင်နိုင်ဝင်းကို တောင်ငူမြို့နယ် အမှတ် (၂) နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US