News

POST TAGGED AS

မန္တလေး

တမူးတွင် ကျပ်သိန်း ၃၀၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် သေနတ်တို့ကို ဖမ်းဆီးရမိ
ကလေး၊ ဩဂုတ် ၈ 

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ဩဂုတ်လ ၇ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ကျပ်သိန်း ၃၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ခြောက်လုံး ပြူးသေနတ်တစ်လက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ခမ်းပတ်နယ်မြေရဲစခန်းထံမှ သိရသည်။ 

ခမ်းပတ်မြို့နယ် ဘုက္ကန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြား နန်စပါ တံတားအနီးတွင် ကလေးမြို့ဘက်မှ တမူးမြို့သို့ မောင်းနှင်လာသည့် ယာဉ်ပေါ်မှ WY စာတန်းပါပန်းရောင် စိတ်ကြွဆေးပြား ၉၃,၅၃၀ ပြား၊ ICE ခြောက်ထုပ် စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၂၉၇၀ ဒသမ ၆ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှသိရသည်။

ထို့ပြင် ကားအတွင်းမှ TA-85 စာတန်းပါ အနက်ရောင် ဖိုက်ဘာသေနတ် ထည့်အိတ်ဖြင့် ထည့်ထားသော ခြောက်လုံးပြူး သေနတ်တစ်လက်နှင့် ကျည်တောင့်လေးတောင့်ကို ဖမ်းဆီးရမိခဲ့ကြောင့် တမူးမြို့ မူးယစ်တပ်ဖွဲ့စု (၇) မှ ရဲအုပ်မောင်ဇော်က ပြောကြားသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကလေးမြို့ ပင်လုံရပ်ကွက်နေ ယာဉ်မောင်း နောင်ရိုး ၂၈ နှစ်နှင့် မန္တလေးမြို့နေ စိုင်းလောစ်ထွန်း ၂၁ နှစ်တို့ကို ခမ်းပတ်မြို့နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှသိရသည်။

R-20



FOLLOW US