News

POST TAGGED AS

မန္တလေး

01-Oct-2016

မန္တလေး
မန္တလေးမြို့ကို ဘေးဒဏ်ခံနိုင်ရည်ရှိပြီး ပြု ပြင်ရလွယ်သည့် မြို့တော်များ ၁ဝဝ တွင် ရွေးချယ်
မန္တလေး၊ အောက်တိုဘာ ၁ 

The Rockefeller Foundation မှ ရွေးချယ်သည့် ဘေးဒဏ်ခံနိုင်ရည်ရှိပြီး ပြု ပြင်လွယ်သည့် မြို့တော်များ ၁ဝဝ ကွန်ရက် (100 Resilient Cities Network) တွင် ပထမဦးစားပေး ၃၃ မြို့၌ မြန်မာနိုင်ငံမှ မန္တလေးမြို့တော် ပါဝင်ရွေးချယ်ခံရကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

“ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် အောက်တိုဘာလက အင်တာနက်လိုင်းတွေ ခက်ခဲတဲ့ ကြားထဲကနေ Online က တစ်ဆင့် လျှောက်ထားခဲ့ပါတယ်။ သူတို့ဘက်က မေးမြန်းတာတွေကို ညသန်းခေါင်လောက် လိုင်းကောင်းချိန်မှ ဖြေဆိုခဲ့ရတာတွေ ရှိတယ်။ ခုလို ရွေးချယ်ခံရခြင်းအားဖြင့် ဘာတွေရလာမလဲ ဆိုတော့ နည်းပညာ အကူအညီတွေရမယ်။ နောက်ပြီး Green City အဖြစ် ဆောင်ရွက်ဖို့ အထောက်အကူဖြစ်မယ်” ဟု ယင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။

မန္တလေးမြို့ကို ရွေးချယ်ရခြင်းမှာ လျှောက်ထားရာတွင် မှန်ကုန်အောင် ဖြည့်စွက်နိုင်ပြီး မြို့တော်ဖွံ့ဖြိုးရေး မည်ကဲ့သို့ လုပ်ဆောင်မည် စသည့် အချက်များကြောင့် ပညာရှင်တို့မှ ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ထွက်ပေါ်လာသည့် ရလာဒ်အပေါ် မူတည်၍ မန္တလေးမြို့အတွက် နည်းပညာ အကောင်းဆုံးတို့ဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း 100 Resilient Cities (The Rocekfeller Foundation) တာဝန်ရှိသူ Mr. Horng DarLim က ပြောဆိုသည်။

အဆိုပါ ဖောင်ဒေးရှင်းနှင့် ပူးပေါင်းလုပ်ဆောင်မည့် ကာလကို အောက်တိုဘာလအတွင်း စတင်ဖွယ်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်းတံတားဌာန၊ ဌာနမှူး ဦးမျိုးအောင်က ပြောဆိုသည်။

The Rockefeller Foundation မှ နည်းပညာနှင့် အကူအညီများ ပေးနိုင်ရေး ဦးစီးဆောင်ရွက်ကာ မြို့တော်အချင်းချင်း စုစည်းပြီး မိမိတို့ မြို့တော်၏ အခက်အခဲများကို တစ်ဦးချင်း၊ လူထု၊ အဖွဲ့အစည်း၊ စီးပွားရေးလုပ်ငန်းနှင့် မြို့တွင်းရှိ စနစ်အားလုံး၏ စွမ်းဆောင်ရည်များ စုပေါင်း၍ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းရန် ချိတ်ဆက်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်က ထုတ်ပြန်ထားသည်။

  • VIA


FOLLOW US