News

POST TAGGED AS

မန္တလေး

01-Oct-2016

မန္တလေး
မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီသစ် ဒီမိုကရေစီ နည်းကျ အသစ်ပြန်လည် ဖွဲ့စည်း


မန္တလေး၊ အောက်တိုဘာ ၁ 

မန္တလေး စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဆောင်ရွက်ကြမည့် မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက ဒီမိုကရေစီ နည်းကျ ပြန်လည် ဖွဲ့စည်းခဲ့သည်။ 

မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဗဟို အလုပ် အမှုဆောင်နှင့် အလုပ် အမှုဆောင်များ ရွေးချယ်တင်မြှောက်ပွဲကို မန္တလေး စက်မှုဇုန် ကနောင်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီ နည်းကျ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အသစ် အနေနှင့် ကော်မတီဝင်များနှင့် ပူးပေါင်းကာ စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား အလတ်စားလုပ်ငန်း (SME) များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် စက်မှုဇုန်ရှိ ကနောင်ခန်းမကိုလည်း အမြန်ဆုံး ပြုပြင်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီသစ်တွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည့် ဦးခင်မောင်လှက ပြောကြားသည်။ 

မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဗဟို အလုပ်အမှုဆောင်နှင့် အလုပ် အမှုဆောင်များ ရွေးချယ် တင်မြှောက်နိုင်ရေးအတွက် အများပြည်သူ သိရှိရန် ကြေညာခဲ့ရာ ဗဟိုအလုပ် အမှုဆောင် ဖြစ်ခွင့်အတွက် ဆန္ဒပြုထားသည့် ကော်မတီဝင်ဟောင်း ၁ဝ ဦး၊ အသစ် လျှောက်ထားသူ ၄၈ ဦး ရှိခဲ့ကြောင်း၊ ရွေးချယ်ပွဲသို့ တက်ရောက်သူ ၄၃ ဦးတို့က မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကို ဒီမိုကရေစီ နည်းကျ ဆန္ဒမဲ ပေး၍ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောဆိုသည်။ 

မန္တလေးမြို့ စိန်ပန်းရပ်မှ စက်မှုလုပ်ငန်းများကို ၁၉၉၁ ခုနှစ်တွင် ရွှေ့ပြောင်းစေခဲ့ပြီး မန္တလေး စက်မှုဇုန် တည်ထောင်ခဲ့ခြင်းဖြစ်ရာ လက်ရှိ အချိန်၌ အကြီးစားနှင့် အလတ်စားလုပ်ငန်း ၁၂၇၇ ခု ရှိကြောင်း မန္တလေး စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ မှတ်တမ်းများအရ သိရသည်။


  • VIA


FOLLOW US