News

POST TAGGED AS

မန္တလေး

28-May-2018

လူသတ်မှု
ဇနီးနှင့် ယောက္ခမကို ဓားဖြင့်ခုတ်သတ်
ဟင်္သာတ၊ မေ ၂၇

ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ဆုံကုန်းအောက်စုကျေးရွာ၌ အမျိုးသားတစ်ဦးက ဇနီးဖြစ်သူနှင့် ယောက္ခမကို ဓားဖြင့်ခုတ်သတ်ခဲ့မှု မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ 

ဇလွန်မြို့နယ် ဆုံကုန်းအောက်စု ကျေးရွာတွင် နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် စောထဲနေထူးဆိုသူက ဇနီးဖြစ်သူ အသက် ၂၄ နှစ်အရွယ် မနော်ကညာဖောနှင့် မနော်ကညာဖော၏မိခင်ဖြစ်သည့် အသက် ၅၀ နှစ်အရွယ် ဒေါ်စီစီတို့ကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

နှစ်လောင်းပြိုင်လူသတ်မှုဖြစ်သည့် ဆုံကုန်းအောက်စုကျေးရွာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူးနှင့် ဆုံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့များက သွားရောက်စစ်ဆေးရာ လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသည့် စောထဲနေထူးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ယင်းရုံးထံမှသိရသည်။

ယင်းနောက် လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ စောထဲနေထူးကိုဆက် လက်စစ်ဆေးရာ ဇနီးဖြစ်သူ မနော်ကညာဖောနှင့်အတူ လယ်ထဲ၌ အလုပ်လုပ်နေစဉ် လင်မယားချင်းစကားများ ရန်ဖြစ်ခဲ့ကြောင်း၊ မနော်ကညာဖောက စိတ်ဆိုးကာ မိခင်ဖြစ်သူ ဒေါ်စီစီ၏ နေအိမ်သို့ပြန်သွားခဲ့ကြောင်း၊ စောထဲနေထူးက မနော်ကညာဖောကို လိုက်ခေါ်စဉ် ထပ်မံ၍ စကားများရန်ဖြစ်ပြီး ယောက္ခမဖြစ်သူ ဒေါ်စီစီက ဝင်ရောက်ပြောဆိုခြင်းကြောင့် ဒေါ်စီစီနှင့် မနော်ကညာဖောကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ဇလွန်မြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုကို ဇလွန်မြို့မစခန်းက (ပ) အမှတ် ၃၄၈/ ၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် စစ်ဆေးလျက်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။

R-13



FOLLOW US