News

POST TAGGED AS

မန္တလေး

ပုဂံဘုရား ၇ ဆူပေါ်သို့ ပြန်လည် တက်ရောက်ခွင့်ရရန် တောင်းဆိုမည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၎

ပုဂံရှိ ရှေးဟောင်းစေတီပုထိုးများ ရေရှည် တည်တံ့ကြံ့ခိုင်ရေးအတွက် ဘုရားပစ္စယံများပေါ်သို့ တက်ရောက်ခြင်းကို ကန့်သတ်ထားသည့်အချိန်တွင် ယဉ်ကျေးမှုဇုံ ဧရိယာအတွင်းရှိ ပုဂံဘုရား ၇ ဆူပေါ်သို့ ပြန်လည် တက်ရောက်ခွင်ပြုရန် ပုဂံယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းက စာတင်တောင်းဆိုမည်ဟု ၎င်းအဖွဲ့ဥက္ကဋ္ဌ
ဦးအောင်ကြိုင်က ပြောကြားသည်။

လိုဏ်ပါသောဘုရားများသည် နှစ်ပေါင်းများစွာ သက်တမ်းရှိပြီး ရေရှည်တည်တံ့ရန်နှင့် ဘုရားစေတီပုထိုးများပေါ်တွင် မဖွယ်မရာများ ပြုလုပ်သည်ပုံများ အွန်လိုင်းတွင် တက်လာခြင်းကြောင့် ရှေးဟောင်း သုတေသနဌာနအနေနှင့် ဘုရားပစ္စယံများပေါ်သို့ တက်ရောက်ခြင်း မရှိစေရန် သံဇကာများ ကာရံလျက်ရှိရာ ပြည်ပ ကမ္ဘာ့လှည့်ခရီးသည်များ အလာနည်းမည်ကို စိုးရိမ်ခြင်းကြောင့် အသင်းမှအဆိုပြုသည့် ဘုရား ၇ ဆူပေါ်သို့ ပြန်တက်ခွင့်ရရန် တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည်ဟု ပြောကြားသည်။

နေဝင်ချိန်နှင့် ဘုရားပေါ်မှ ပုဂံရှုခင်းများကို တက်ရောက်ကြည်ရှုခွင့်ပေးရန် အဆိုပြုမည့်ဘုရား ၇ ဆူမှာ သဗ္ဗညုဘုရားကြီး မြောက်ဘက်ရှိ မဟာစေတီနှင့် ဆင်များရှင်ဘုရား အနောက်မြောက်ရှိ ရတနာစေတီ အပါအဝင် စေတီ ၅ ဆူနှင့် အုတ်ကျောင်း ၂ ခု အပါအဝင် ၇ ဆူဖြစ်ကြောင်း စေတီ ၅ ဆူသည် လိုဏ်မပါ မြေစိုက်ထုထည်ကြီး စေတီများဖြစ်ပြီး အုတ်ကျောင်း ၂ ခုသည် နောက်ပိုင်း ပြန်ဆောက်သည့် အုတ်ကျောင်းများ ဖြစ်သည့်အတွက် ပျက်စီးပါက ပြန်ပြင်လို့ရသည်ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

“သဗ္ဗညုကိုလည်း တက်ခွင့်ပေးသင့်တယ်။ ဆင်းတုကြီးရှိတဲ့ ပစ္စယံအထိပေါ့။ တစ်နေ့ လူ ငါးဆယ်လောက်ကို အခကြေးငွေနဲ့ တက်ခွင့်ပေးရင် ကောင်းမယ်၊ ဘုရာတွေပေါ် တက်ခွင့်ကို လုံးလုံးတော့ မပိတ်သင့်ပါ”ဟု ၎င်းကဆိုသည်။

ပုဂံယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားများပေါ်သို့ တက်နိုင်သည့် ဘုရားအဆူ ၈ဝ ခန့်ရှိကြောင်း ယင်းဘုရားများနှင့်ပတ်သက်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တားမြစ်သတိပေး ဗီနိုင်းများ တပ်ဆင်အသိပညာပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည်အတွက် ဇန်နဝါရီလ ဒုတိယအပတ်မှစတင်ပြီး အကာအရံများ တပ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ပုဂံရှေးဟောင်း သုတေသနမှ တာဝန်ရှိသူများက ပြောကြားသည်။

နေဝင်ချိန်ကြည်တဲ့အချိန်မှာ ပန်းချီနဲ့ ယွန်းတွေကို ဘုရားတွေမှာ လိုက်ရောင်းရတာ၊ ဘုရားပေါ် မတက်ရတော့ လာနေတဲ့ခရီးသွားတွေတောင် မလာကြတော့ဘူး။ ကမ္ဘာလှည့်တွေ မလာတော့ ပြည်တွင်းခရီးသွားကိုပဲ ပိုမျှော်ရတယ်လို့ မြင်းကပါ ရွာသားပန်းချီပညာရှင် ကိုစိုးသူက ဆိုသည်။

J-20



FOLLOW US