POST TAGGED AS

မန္တလေး

ဝန်းသိုတွင် ပျူခေတ် လူအသုံးအဆောင်များနှင့် လူရိုးများတွေ့ရှိ

ပုံစာ - မိုင်းသုန်ရွာအနီး တွေ့ရှိရသည့် ပျူခေတ်လက်ရာ လူအသုံးအဆောင် ပစ္စည်းများကို တွေ့ရစဉ်။ဓာတ်ပုံ - မောင်ဇင်မောင်
ကလေး၊ အောက်တိုဘာ ၂၈

ဝန်းသိုမြို့နယ် မိုင်းသုန်ရွာ တောင်ကုန်းတစ်ခုအနီးမှ ပျူခေတ်လက်ရာ ရောင်စုံကျောက်ပုတီးစေ့များ၊ ဓားများ၊ ကြေးအိုးများနှင့် လူအရိုးများကို အောက်တိုဘာ ၂၅ ရက်က တွေ့ရှိခဲ့ရကြောင်း စစ်ကိုင်းတိုင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရှိရသည်။

မြေပြင်ကွင်းဆင်းမှုအရ အေဒီ ၅ ရာစု ပျူခေတ်လက်ရာဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ၊ ကျွမ်းကျင်သူများက ကနဦး ခန့်မှန်းသည်။ သို့သော် သေချာစေရန် တူးဖော်မှု ပြုလုပ်ရမည်ဖြစ်သည်။

ထို့သို့တူးဖော်ရန် တိုင်းအစိုးရအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ တူးဖော်ခွင့် ခွင့်ပြုချက်ရရှိလျှင် ဌာနမှ တူးဖော်မှုအတတ်ပညာ ကျွမ်းကျင်သူများက တူးဖော်မည်ဖြစ်ကြောင်း မြေပြင်သို့ ကိုယ်တိုင် သွားရောက်ခဲ့သည့် ယင်းဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-20



FOLLOW US