News

POST TAGGED AS

မန္တလေး

ရက်ပေါင်း ၅၀ နီးပါးပိတ်ထားရသည့် ရန်ကုန်-မန္တလေး မီးရထားခရီးစဉ်များ စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ပိုင်းမှစတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းထံမှ သိရသည်။
မန္တလေးမြို့ ထွန်တုံးရပ်ကွက်၌ ဩဂုတ်လယ်ပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုမှ တရားစွဲဆိုခံရသူ ခွန်ကောလားကို သေနတ်ကိုင်ဆောင်မှုဖြင့် ချမ်းမြသာစည်မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီး ခရိုင်တရားရုံးက လူသတ်မှုအပါအဝင် ကျန်အမှုများအတွက် ထပ်မံစစ်ဆေးနေသည်။
မန္တလေးတက္ကသိုလ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ ဝင်ခွင့်လျှောက်ထားခဲ့ပြီး မရရှိသူများအနေနှင့် ထပ်မံလျှောက်ထားနိုင်ကြောင်း အဆိုပါတက္ကသိုလ်မှ သိရသည်။
ရွှေဈေး စံချိန်တင်မြင့်တက်လာသောကြောင့် ရွှေဆိုင်များတွင် အရောင်းအဝယ်ရပ်ဆိုင်းလုနီးပါး ဖြစ်သွားကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
21-Sep-2018 tagged as မန္တလေး အလှူခံ
မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ အလှူခံနေသည့် ရဟန်းသံဃာတော်များကို ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်အရေးယူနိုင်ရန် စီမံချက်ရေးဆွဲထားကြောင်း မန္တလေးတိုင်း သာသနာရေး ဦးစီးဌာနထံမှ သိရသည်။
တရုတ်နိုင်ငံ ကွမ်ကျိုးအခြေစိုက် 9 Air လေကြောင်းကုမ္ပဏီသည် အောက် တိုဘာလအတွင်း ကွမ်ကျိုး-မန္တလေး အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်သစ်ကို စတင်ပျံသန်းရန်စီစဉ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။
မြစ်သားမြို့နယ် ကူမဲမြို့မှ အမှုသည်လင်မယားကို ရဲတပ်ဖွဲ့က လာရောက်ဆင့်ဆိုခေါ်ဆောင်ရာတွင် အင်အား ၁၂ ဦးခန့်ဖြင့် ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း ယင်းအမှုသည်လင်မယားနှစ်ဦးက မီဒီယာစင်တာမန္တလေးတွင် စက်တင်ဘာလ ၁၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောဆိုသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်ရှိ ဌာန ၁၄ ခု အနက် အချို့ဌာနများသို့ လူကိုယ်တိုင်သွားရန်မလိုဘဲ အွန်လိုင်းမှလုပ်ဆောင်နိုင်ရေး စီစဉ်နေကြောင်း ယင်းကော်မတီဝင်များက ပြောကြားသည်။
မန္တလေးတိုင်းအတွင်း ခွင့်ပြုချက်မဲ့ ငါး၊ ပုစွန်မွေးမြူရေးလုပ်ကိုင်နေသူများ ဒဏ်ကြေးများပေးဆောင်ရန် ညွှန်ကြားထားသော်လည်း ငါးလကျော်ကြာသည်အထိ ဒဏ်ကြေးပေးဆောင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။
17-Sep-2018 tagged as မန္တလေး လက်ဖက်
မြန်မာနိုင်ငံရှိ လက်ဖက်စိုက်တောင်သူများ၏ ဒေသမျိုးရင်းလက်ဖက်ထွက်ကုန်များကို ဥရောပဈေးကွက်သို့ ပို့ဆောင်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Helvetas အဖွဲ့ထံမှ သိရသည်။