News

POST TAGGED AS

မန္တလေး

18-Nov-2017 tagged as မန္တလေး
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာနွယ်စင်ရပ်ကွက်မှ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင် ယနေ့(နိုဝင်ဘာ ၁၈ ရက်) နံနက် ၁ နာရီခန့်က မီးလောင်ကျွမ်းခဲ့ရာ ၅နာရီခန့်ကြာအောင် မီးငြှိမ်းသတ်ခဲ့ကြောင်း ခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
မီးဘေးသင့် မန္တလေး မင်္ဂလာဈေးကို အသစ် ပြန်လည် တည်ဆောက်နိုင်ရန် အဆောက်အအုံဟောင်းကို ယခုလကုန် အပြီးဖြိုဖျက်မည်ဖြစ်ကြောင်း မန္တလး မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
17-Nov-2017 tagged as မန္တလေး
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ မြို့ရှိ ပုဂ္ဂလိက ငွေလွှဲလုပ်ငန်းတစ်ခုမှ မန္တလေး တာဝန်ခံတစ်ဦးသည် ကျပ်သိန်းရှစ်ရာကျော် ထုတ်ယူကာ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် မဟာအောင်မြေမြို့နယ် အမှတ် ၆ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ယင်းလုပ်ငန်းပိုင်ရှင် ဦးစိုးမြင့်က ပြောကြားသည်။
16-Nov-2017 tagged as မန္တလေး
တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းက စီစဉ်ကျင်းပမည့် နဝမအကြိမ်မြောက် မြန်မာပြည်ဖွား တရုတ်လူမျိုးများ ပြန်လည် တွေ့ဆုံခြင်းပွဲတော်ကို မန္တလေးမြို့၌ ကျပ်သိန်း ၅၀ဝ၀ ကျော် အကုန်အကျခံ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းနိုင်က ပြောကြားသည်။
ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြို့ဟောင်း ရထားခေါင်းပြင်စက်ရုံ၌ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် အစောပိုင်း (ညသန်းခေါင်ယံ) အချိန်က မြစ်ငယ်ရထားတွဲစက်ပြင် စက်ရုံသို့ပို့ရမည့် ရထားတွဲများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
နေပြည်တော် ကောင်စီနယ်မြေ စည်ပင်သာယာရေး ကော်မတီမှ ဌာနမှူးတစ်ဦးဖြစ်သည့် ဦးမင်းလွင်စိုးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားစွဲဆိုထားရာ ၎င်းအတွက် အမှုလိုက်ပေးမည့် အကျိုးဆောင်ရှေ့နေ ပါဝါတင်ခဲ့ပြီး တရားလိုကို စတင်စစ်ဆေးခဲ့သည်။
ကနေဒါနိုင်ငံ၏ အကူအညီဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းအသုံးပြု၍ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် စွမ်းဆောင်ရည် မြှင့်တင်ရေး လုပ်ငန်းများ ပါဝင်သည့် My Finance စီမံကိန်း ဆောင်ရွက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှုနေရာ ၁၀ ခုကို ယဉ်ကျေးမှု ခရီးသွားဒေသအဖြစ် အဆင့်မြှင့်ရန် ပြင်ဆင်နေကြောင်း မန္တလေးတိုင်း ဟိုတယ်နှင့် ခရီးသွားလာရေး ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
12-Nov-2017 tagged as မန္တလေး
မန္တလေးမြို့တော် ကျောက်ဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အခင်းဝိုင်းကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၃၀ဝ နီးပါး အကုန်အကျခံကာ ပြုပြင်ပေးရန် စီစဉ်နေကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
12-Nov-2017 tagged as မန္တလေး
မြန်မာတို့၏ နောက်ဆုံးဘုရင် သီပေါမင်းပါတော်မူခြင်း ၁၃၂ နှစ်မြောက် အောက်မေ့ သတိရအခမ်းအနားကို မန္တလေးမြို့ ဝါခင်းကုန်းဘုရား ရင်ပြင်တော်ပေါ်ရှိ ဝင်းရတနာ ဓမ္မဗိမာန်တော်တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။