POST TAGGED AS

မှုခင်း

19-Feb-2017 tagged as မှုခင်း
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် probox အငှားယာဉ်တစ်စီးဖြင့် ဓားပြမှု ကျူးလွန်ခဲ့သည့် အမျိုးသားငါးဦးကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အရှေ့ပိုင်းခရိုင် တရားရုံးတွင် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
18-Feb-2017 tagged as မှုခင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လမ်းဖြတ်ကူးနေသည့် တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ အမှတ် (၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရုံးထံမှ သိရသည်။
18-Feb-2017 tagged as မှုခင်း
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ မင်္ဂလာရပ်ကွက်နှင့် လိမ္မော်ခြံ ကျေးရွာအုပ်စုကြားရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံတပ် (ကပစ) မှ တပ်သားတစ်ဦးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီက ကြိုးဆွဲချ သေဆုံးနေကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
14-Feb-2017 tagged as မှုခင်း
ရှမ်းပြည်နယ် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ပြန်ပေးဆွဲထားသည့်အဖွဲ့ကို ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းထံမှ သိရသည်။
12-Feb-2017 tagged as မှုခင်း
မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် နေအိမ်တစ်ခုတွင် ဖေဖော်ဝါရီလ ၉ ရက် ညနေ ၅ နာရီကျော်က ဓားထိုးသွင်းဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးခဲ့သည့် အမျိုးသမီးမှာ ဆေးစစ်ချက်များအရ အဓမ္မကျင့်ပြုခံထားရမှု မရှိကြောင်း မြစ်ကြီးနား နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
07-Feb-2017 tagged as မှုခင်း
အစိုးရသစ်လက်ထက် အလောင်းပြိုင် လူသတ်မှုများဖြစ်သည့် မင်္ဂလာဒုံမြို့ နယ် လေးလောင်းပြိုင် လူသတ်မှု၊ ခရမ်းမြို့နယ် နှစ်လောင်းပြိုင် လူသတ်မှုတို့ အပါအဝင် ကျန်လူသတ်မှုဖြစ်စဉ် အချို့မှ ပြစ်မှုကျူးလွန်သူများကို ယနေ့အချိန်ထိ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု နမ္မဖြစ်ကျေးရွာတွင် ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က အလယ်တန်း ကျောင်းဆရာတစ်ဦး သေနတ်ဖြင့် စ်သတ်ခံရကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
16-Jan-2017 tagged as မှုခင်း
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ဇရပ်ကြီးတိုက်နယ် မိုးကောင်းကျေးရွာအုပ်စု ရွာတန်းရှည် ကျေးရွာနေ အသက် ၆ နှစ်အရွယ် သူငယ်တန်းကျောင်းသူကို ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲက တစ်ရွာတည်းနေသူ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဇရပ်ကြီး နယ်မြေရဲစခန်းထံမှ သိရသည်။
13-Jan-2017 tagged as မှုခင်း
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ဝက်လာတောကျေးရွာအုပ်စု ကျောက်မဲတောင် အဆင်းတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၆ နာရီခွဲခန့်က ဖောကားတစ်စင်း လမ်းဘေးထိုးကျရာမှ၂ ဦး သေဆုံးပြီး အမျိုးသား၊ အမျိုးသမီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်ကြီးမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။
12-Jan-2017 tagged as မှုခင်း
အင်းစိန်အကျဉ်းထောင်၌ ခိုးမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား အကျဉ်းသားများတွင် တရုတ်နိုင်ငံသား အများဆုံး အကျဉ်းကျ ခံနေရကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။