News

POST TAGGED AS

မွန်ပြည်နယ်

မွန်ပြည်နယ်တွင် ယခုနှစ်နွေရာသီ ကာလအတွင်းမြို့နယ် ၅ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၇ ရွာ ရေရှားပါးမှု ကြုံတွေ့နိုင်သည်ဟု မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ခန့်မှန်းထားသည်။
မွန်ပြည်နယ်တွင် မော်တော်ယာဉ် မတော်တဆမှုများ ပိုများလာသည့်အတွက် ပြည်နယ်အစိုးရက အထူးစီမံချက်ဖြင့် ဖမ်းဆီးအရေးယူသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ်တွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်သည့် စီးပွားရေးလုပ်ငန်းရှင် ၅၀ ဦးစာရင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်သည်ဟု မွန်ပြည်နယ် အခွန်ဦးစီးဌာနရုံးမှ သိရသည်။
04-Mar-2018 tagged as မွန်ပြည်နယ် KNU
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက်ရှိ ဘုရားတောင်အနီးတွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်တွင် အသစ်ပြန်လည် ရွေးချယ်သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနက် အမျိုးသမီး ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၈ ဦးပါဝင်သည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးသည့် မွန်ပြည်သစ်ပါတီအား မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဂုဏ်ပြုထောက်ခံပွဲ ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်နှင့် ထိုင်းနိုင်ငံ ချာချွန်ပြည်နယ်အကြား စီးပွားရေးအပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးမှုတစ်ရပ်ကို မော်လမြိုင်မြို့ရှိ ငွေမိုးဟိုတယ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်နေ့တွင် ကျင်းပလျက်ရှိသည်။
မွန်ပြည်နယ်ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင် တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဘာဘူကုန်းတွင် မြေဧကပေါင်း နှစ်ထောင်ခန့်ဖြင့် အုန်းသီးစိုက်ပျိုးရေးဇုန်ကို ယခုနှစ်အတွင်း တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ အုန်းသီး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောကြားသည်။
မွန်ပြည်နယ်အတွင်းတွင် နိုင်ငံခြားသား ခရီးသွားများ သွားလာလည်ပတ်ခွင့် မရှိသည့်နယ်မြေများအနက်မှ အချို့ကို ကန့်သတ်အဖြစ်မှ ပယ်ဖျက်ပေးလိုက်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဌာန (မော်လမြိုင်ရုံးခွဲ) မှ သိရသည်။