News

POST TAGGED AS

မွန်ပြည်နယ်

မေလ ပထမပတ်ခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ဆားရာသီမကုန်မီ ဆားလုပ်ငန်းသိမ်းခဲ့ရ၍ မွန်ပြည်နယ်တွင် ယခုနှစ်ဆားအထွက် လျာထားချက်မမီဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကုလားကုတ်ကျွန်း အလယ်ဆိပ်ရပ်နေ အရပ်သား ကိုတင်စိုးမြင့်ကို ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့မှုနှင့် ပတ်သက်၍ ကုလားကုတ်ကျွန်း အခြေစိုက် ခမရ-၅၈၇ တပ်မှ ဗိုလ်ကြီးတစ်ဦးကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှုရုံးမှသိရသည်။
မွန်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် မေလ ၁၄ ရက်မှစတင်ကာ ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်ရှိ ဒေသခံများက သုံးရက်ကြာ ဆန္ဒထုတ်ဖော်နေကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။
မွန်ပြည်နယ်ထွက် ဒူးရင်းသီးများမှာ ယခုနှစ်တွင်အထွက်နည်းပြီး ဈေးကောင်းမရသည်နှင့် ကြုံနေရကြောင်း ဒူးရင်းခြံရှင်များထံမှ သိရသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မိမ္မလာတောင်ကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ခွင့်ပြုချက်မရှိဘဲ တူးဖော်နေမှုနှင့်ပတ်သက်၍ မွန်ပြည်နယ် ပြည်နယ်လွှတ်တော်မှ ပြည်ထောင်စုအစိုးရထံ မေလ ၅ ရက်တွင် တိုင်ကြားစာပေးပို့ထားကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီထံမှ သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ စက်မှုဇုန်တွင် စမ်းသပ်လည်ပတ်နေသော ခနောက်စိမ်း သန့်စင်စက်ရုံတွင် အနံ့ဆိုးများ ထွက်နေသည်ဟုဆိုကာပိတ်သိမ်းပေးရန် စက်ရုံ ပတ်ဝန်းကျင် ဒေသခံများက တောင်းဆိုလျက်ရှိသည်။
မွန်ပြည်နယ် ရေးမြို့တွင် ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဦးဆောင်ကော်မတီတစ်ရပ်ကို မေလ ၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
28-Apr-2018 tagged as မွန်ပြည်နယ်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်မိသန်းဌေးကို ဧပြီလ ၂၆ ရက်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တာဝန်မှရပ်စဲကြောင်း အကြောင်းကြားစာပို့ခဲ့သည်။
23-Apr-2018 tagged as မွန်ပြည်နယ်
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် သောက်သုံးရေ ပြတ်လပ်မှု ဆိုးရွားစွာ ကြုံတွေ့နေရသည်ဟု ဒေသခံနှင့် ရေပေးဝေလှူဒါန်းနေသူတို့၏ ပြောပြချက်အရ သိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ကျင်းပပြုလုပ်သွားမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီလ ၂ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။