News

POST TAGGED AS

မွန်ပြည်နယ်

မြန်မာနိုင်ငံတစ်ဝန်း တိုင်းနှင့်ပြည်နယ်သုံးခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူဦးရေ ၅၃,၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ လက်ရှိ ရေကြီးရေလျှံမှုများမှာ မြစ်ရေမြင့်တက်ခြင်းများကြောင့် အများစု ရေဘေးကြုံတွေ့နေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ရေဘေးကြုံတွေ့နေသည့် မွန်ပြည်နယ်ရှိ ဘီးလင်းမြစ်၊ ကရင်ပြည်နယ်ရှိ သံလွင်မြစ်နှင့် ပဲခူးရှိ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်တို့၏ အခြေအနေသည် စိုးရိမ်ရေမှတ်အထက်၌ပင် ရှိနေဆဲဖြစ်သည့်အတွက် ရေဘေးကြုံတွေ့နေရသူများ ဆက်လက် အခက်အခဲများစွာ ကြုံတွေ့နေရသည်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အဝေးပြေးလမ်းမကြီး မိုင်တိုင် ၁၂၆ နှင့် ၁၂၇ ကြားကားလမ်းတွင်ရေ ၃ ပေခန့် ကျော်နေသည့်အတွက် အဝေးပြေးလမ်းမကြီးကို ကားသွားလာခွင့်ပိတ်ထားကြောင်း ပြည်နယ်အစိုးရထံမှ သိရသည်။
မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ်က ဒီပုကျေးရွာအုပ်စု ကြက်ခြေခတ်ကျေးရွာတွင် ဇူလိုင်လ ၂၃ ရက် မွန်းလွဲပိုင်း က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အိမ် ၃၄ လုံး ပျက်စီးခဲ့ကြောင်း သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင်ရှိသော မွန်အမျိုးသားပညာရေးကျောင်းများ ပျက်စီးယိုယွင်းနေမှုများကို အသစ်ပြန်လည်တည်ဆောက်ရေးအတွက် ပြည်ပရောက် မွန်အလုပ်သမားများနှင့် အလှူရှင်များက အလှူငွေ သိန်း ၁၀၀၀ ကျော် ရရှိထားကြောင်း “အအာ” အဖွဲ့ ဦးဆောင်သူ အရှင်အဇ္ဇက မိန့်ကြားသည်။
မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) တို့သည် ဇူလိုင်လ ၂၁ ရက်နေ့ကပြုလုပ်သော နောက်ဆုံးအကြိမ် အစည်းအဝေးအပြီးတွင် နှစ်ပါတီပေါင်းစည်းလိုက်ပြီဖြစ်သည်။
မွန်အမျိုးသားစာသင်ကျောင်းများတွင် ဆွံ့အနားမကြားနှင့် ခြေလက်မသန်စွမ်းသည့် ကလေးသူငယ် ၁၂၀ ဦးကျော်ရှိကြောင်း မွန်အမျိုးသား ပညာရေးကျောင်း (Mon National Education Center) ထံမှ သိရသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ပင်လယ်ရေလှိုင်းတိုက်စားမှုကြောင့် ကမ်းနားတွင်နေထိုင်သည့် ရွှေ့ပြောင်းလုပ်သားများ၏ အိမ်၃၀ခန့်ပျက်စီးခဲ့ကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မိန်ဗလာတောင်တွင် ဂျပန်စစ်ကျန်ပစ္စည်းနှင့် ရတနာသိုက်ရှာဖွေရန် ပြည်နယ် အစိုးရက ကုမ္ပဏီတစ်ခုကို စူးစမ်းလေ့လာမှု ပြုလုပ်ရန် ခွင့်ပြုချက် ပြန်ရုပ်သိမ်းခဲ့သဖြင့် ကုမ္ပဏီကလုပ်ငန်းသုံး စက်ပစ္စည်းများကို ဇူလိုင်လ ၁၄ ရက်တွင် အပြီးသိမ်းဆည်းနေကြောင်း ဒေသခံများထံမှသိရသည်။
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းလုပ်ဆောင်နေသည့် Southern Myanmar Development ကုမ္ပဏီမှ လျှပ်စစ်မီးမီတာခ ကောက်ယူသည့်အပေါ် ဈေးနှုန်း ပြန်လည်ညှိနှိုင်းပေးရန် ဒေသခံများက ဇူလိုင်လ ၁၂ ရက်တွင် မွန်ပြည်နယ်လွှတ်တော်မှတစ်ဆင့် တောင်းဆိုသည်။
မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ ပရဟိတ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ အသုံးပြုနေသည့် အရေးပေါ်လူနာတင်ယာဉ်များအနက် လိုင်စင်မရှိသော လူနာတင်ယာဉ်များကို ဖမ်းဆီးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဇူလိုင်လ ၁၀ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။