News

POST TAGGED AS

မွန်ပြည်နယ်

မွန်ပြည်နယ်တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လိုအပ်သည့် မျိုးစပါးများ ထောက်ပံ့ပေးနိုင်ရန် ပြည်နယ်အစိုးရက မျိုးစပါးကျပ် သိန်းတစ်တောင်ဖိုးဝယ်ယူရန် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ကျေးရွာအများစု ရေဝင်ရောက်ခဲ့ရာ ဩဂုတ်လ ၆ ရက်အထိ အခြေခံပညာစာသင်ကျောင်း ၃၆ ကျောင်းကို ပိတ်ထားရကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနထံမှ သိရသည်။
မွန်ပြည်နယ်တွင် ပြည်ပမှ ရော်ဘာဝယ်ယူမှု လျော့နည်းလာသောကြောင့် ကျဆင်းနေသည့် ရော်ဘာဈေးနှုန်းမှာ ယခုရက်ပိုင်းတွင် တစ်ပေါင်လျှင် ကျပ် ၇၉၀ အထိ ဈေးနှုန်းအနည်းငယ် ပြန်တက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံမှ သိရှိရသည်။
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် အင်းရွာရှည်အနီးရှိ စက်မှုနယ်မြေ (သထုံ) ဧရိယာအတွင်း မည်သည့်စက်မှု လုပ်ငန်းအမျိုးအစားမဆို ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုသည့် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ငန်းအဆိုပြုလွှာများ ခေါ်ယူထားကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
မွန်ပြည်နယ် သထုံနှင့် ကျိုက်မရောမြို့နယ်တွင် ဩဂုတ်လ၁ရက်မှစ၍ ၄ ရက်အထိ ရေကြီးမှုကြောင့် လူလေးဦး သေဆုံးပြီး လူသုံးသောင်းကျော် ရေဘေးသင့်နေကြောင်း ယင်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အကြား အတ္ထရံမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၈၀ ကျော်တွင် ရေဝင်ရောက်နေပြီး ရေဘေးသင့်ဒေသခံ သောင်းချီရှိနေကြောင်း ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်က ပြောကြားသည်။
မွန်ပြည်နယ် ရေးမြို့နယ်တွင် လျှပ်စစ်မီတာခဈေးနှုန်း တစ်ပြေးညီကောက်ခံရန် ဇူလိုင်လ ၃၀ ရက်က လျှပ်စစ်ဖြန့်ဖြူးသည့် ကုမ္ပဏီများနှင့် လွှတ်တော်မှ တာဝန်ရှိသူတို့ ညှိနှိုင်းခဲ့ရာ အဆင်မပြေသေးကြောင်း ရေးမြို့နယ် ဒေသခံများထံမှ သိရသည်။
မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့နယ်တို့တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် ရေဘေးသင့်သူ ၁၂၀၀၀ ကျော်အတွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ရန် စီစဉ်နေကြောင်း မွန်ပြည်နယ် အစိုးရထံမှသိရသည်။
မွန်ပြည်နယ်တွင် ဘီးလင်းမြစ်ရေကြီးမှုကြောင့် ၅ ရက်ကြာ ပိတ်ထားရသော မော်လမြိုင်-ရန်ကုန် လမ်းမကြီးကို ဇူလိုင်လ ၃၀ ရက် မွန်းလွဲ ၂ နာရီမှစ၍ ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောကြားသည်။
“ကျွန်းသာယာရပ်ကွက်မှာ ရေဘေး ကယ်ဆယ်ရေးစခန်း ၅ ခုလောက်ရှိတယ်။ အိမ်ထောင်စု ၁၂၀၀ လောက်ရှိတယ်။ ကနေ့မှ ရေဘေးကယ်ဆယ် ရေးအထောက်အပံ့တွေရတယ်။ ရေပြန်ကျတယ်ဆိုပေမယ့် အိမ်ဘယ်လို ပြန်လို့ရဦးမှာလဲ” ဟု ကျွန်းသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်က ပြောကြားသည်။