POST TAGGED AS

မွန်ပြည်နယ်

မွန်ပြည်နယ်အတွင်း အစိုးရနှင့်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းကြောင်းတွင် အရပ်ဝတ်ရဲများ သတင်းရယူနေမှုနှင့်ပတ်သက်၍ ပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရထံတင်ပြ၍ စိစစ်ပေးမည် ဖြစ်ကြောင်း နယ်စပ်ရေးရာ နှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောဆိုသည်။
မွန်ပြည်နယ်တွင် ၈ လအတွင်း မူးယစ်းဆေးဝါးအမှုပေါင်း ၂၃၀ မှုကျော် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မွန် ၃ ပါတီပေါင်းစည်းထားသည့် ပါတီအမည်သစ် မိတ်ဆက်ပွဲကို လာမည့် စက်တင်ဘာလ ၂၁ ရက်တွင် မော်လမြိုင်မြို့တွင် ကျင်းပမည်ဟု ပါတီခေါင်းဆောင်တို့ထံမှ သိရသည်။
မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားကိုယ်စားပြုပါတီတို့၏ ပါတီပေါင်းစည်းရေး အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်တွင် မော်လမြိုင်မြို့ရှိ တော်ဝင်ဟင်္သာဟိုတယ်တွင် ကျင်းပမည်ဖြစ်သည်။
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချသည့် Southern Myanmar Development ကုမ္ပဏီ၏ လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ၄၂၅ကျပ် ကောက်ခံရန် ပြည်နယ်အစိုးရက ဩဂုတ်လ ၂၀ရက်တွင် ခွင့်ပြုခဲ့သည်။
မွန်ပြည်နယ် ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ ရက်က ရေဝင်ရောက်မှုကြောင့် အိမ်၃၇ လုံး ပျက်စီးခဲ့ပြီး အလှပ်တိုက်နယ် ဆေးရုံတွင် ရေဝင်သဖြင့် လူနာများကို ရွှေ့ပြောင်းကာ ဆေးရုံပိတ်ထားရကြောင်း အလှပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းတင်က ပြောကြားသည်။
မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ကနိမ်းကျေးရွာ အရှေ့ကွင်းရှိ မြေ ၁၉ ဧကကို မြန်မာ့မီးရထားက သိမ်းဆည်းထားပြီး ယင်းမြေများကို မူလစိုက်ပျိုးလုပ်ကိုင်သူများကို ပြန်လည်ငှားရမ်းပေးရန် ဒေသခံများက ပြည်နယ်အစိုးရထံ တောင်းဆိုမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
မွန်ပြည်နယ်တွင် နှစ် ၂၀ ဝန်းကျင်အတွင်း မွန်ဇာတ်သဘင်များ တိုးတက်လာကြောင်း ဩဂုတ်လ ၁၂ ရက်က ပြုလုပ်သည့် မွန်ဇာတ်သဘင် သမိုင်းရာဇဝင် ရှင်းလင်းပွဲနှင့် မွန်ဇာတ်သဘင်အဖွဲ့၏ ရှေ့လုပ်ငန်းစဉ် ရှင်းလင်းပွဲတွင် အဖွဲ့အတွင်းရေးမှူး စိုက်ချမ်းဂျစ်က ပြောသည်။
မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ ပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးပြန်လည် လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရမှ သစ်တန် ၃၀၀ ရောင်းချပေးနိုင်ရန် ပြည်ထောင်စု သစ်တောဦးစီးဌာနထံ ခွင့်ပြုချက်တင်မည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှသိရသည်။
မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံခဲ့သည့် ဒေသများသို့ ဆိုလာပြား ၃၅၀ စုံ ဖြန့်ဝေပေးသွားမည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။