News

POST TAGGED AS

မွန်ပြည်နယ်

မြန်မာနိုင်ငံ တောင်ပိုင်းဒေသများ တွင် မိုးရွာသွန်းမှုအားကောင်းနေပြီး မွန်ပြည်နယ်တစ်ခုလုံး ရေကြီးရေလျှံမှုများဖြစ်ကာ မော်လမြိုင်၊ ရေး၊ မုတ္တမ၊ သံဖြူဇရပ်မြို့များသည်လည်း အခြေအနေ ဆိုးဆိုးရွားရွား ကြုံနေရကြောင်း မော်လမြိုင်မြို့တွင် နေထိုင်သည့်သတင်းထောက်က သတင်းပေးပို့သည်။
မုတ်သုံလေအား အလွန်ကောင်းနေသည့်အတွက် မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုအားပိုနေပြီး ဒေသအလိုက် မိုးကြီးနေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ ကော်မတီသို့ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ တိုင်ကြားမှုများအနက် မြေယာပြဿနာတိုင်ကြားမှု ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။
မွန်​ပြည်​ကိုယ်​စားပြုအလံနှင့် ပတ်​သက်​၍ ​ဒုတိယအကြိမ်​ မွန်​ပြည်​နယ်​ လွှတ်​​တော်​အစည်းအ​ဝေး၌​ တင်ပြ​ဆွေး​နွေခဲ့ရာ ဇွန်​လ ၈ ရက်​​နေ့ တွင်​ အတည်​ပြုနိုင်ခဲ့သည်​။
08-Jun-2018 tagged as မွန်ပြည်နယ်
မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ပိုင်မြေကို စာချုပ်မချုပ်ဘဲ ငှားရမ်းထားခြင်းနှင့် ခေတ်နှင့်မလျော်ညီသည့် ငှားရမ်းခဖြင့် ငှားရမ်းနေခြင်းကိစ္စကို ပြန်လည်စိစစ်မည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။
မွန်ပြည်နယ်ရှိ မွန်အမျိုးသား ကျောင်းများတွင် လိုအပ်နေသော အခြေခံအဆောက်အအုံများအတွက် ပြည်နယ်အစိုးရ၏ တိုင်းရင်းသားရေးရာ အသုံးစရိတ် ငွေစာရင်းဖြင့် ကူညီထောက်ပံ့ပေးရန် ဇွန်လ ၄ ရက်က မွန်ပြည်နယ်အစိုးရထံ တင်ပြထားသည်။
ပါတီက ရာထူးမှနုတ်ထွက်ခိုင်း၍ နုတ်ထွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုလက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။
လုပ်ငန်းပေါင်းများစွာ ဘဏ္ဍာနှစ်ကျော်လွန်လုပ်ကိုင်နေသဖြင့် မွန်ပြည်နယ်အစိုးရသည် ပေးအပ်ထားသည့် တာဝန်မကျေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားလိုက်သည်။
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့ ကဗျာဝ ပင်လယ်ကမ်းခြေရှိ ကျူးကျော်ပျံကျ ဆိုင်များအတွက် သီးသန့်ဆိုင်ခန်း ဆောက်လုပ်မည်ဖြစ်ပြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း ကဗျာဝ ပင်လယ်ကမ်းခြေ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ထိန်းသိမ်းရေကော်မတီထံမှ သိရသည်။
မေလ ပထမပတ်ခန့်က ရွာသွန်းခဲ့သည့်မိုးကြောင့် ဆားရာသီမကုန်မီ ဆားလုပ်ငန်းသိမ်းခဲ့ရ၍ မွန်ပြည်နယ်တွင် ယခုနှစ်ဆားအထွက် လျာထားချက်မမီဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒ ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးမှ သိရသည်။