News

POST TAGGED AS

မွတ်ဆလင်

ခေါင်းမြီးခြုံ မွတ်ဆလင်အမျိုးသမီးယာဉ်မောင်း၏ စောဒကတက်မှုကို ဂျာမနီတရားရုံးက ပယ်ချ


ဘာလင် မတ် ၂၀

ဂျာမနီနိုင်ငံတွင် ကားမောင်းနေစဉ် ခေါင်းမြီးခြုံပဝါ ဝတ်ထားခြင်းအပေါ် ပိတ်ပင်ထားမှုအား ရုပ်သိမ်းပေးရန် မွတ်ဆလင်အမျိုးသမီးတစ်ဦးက လျှောက်ထားခဲ့ခြင်းကို တရားရုံးက ပယ်ချလိုက်သည်ဟု DW သတင်းတွင်ဖော်ပြထားသည်။ ယာဉ်မောင်းသူများအား ခေါင်းမြီးခြုံ ပဝါပိတ်ပင်မှုသည် သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်သည်ဟု ထိုအမျိုးသမီးက စောဒကတက်ခဲ့သည်။

ထိုအမျိုးသမီးသည် ဥပဒေက သူမ၏ ဘာသာရေးလွတ်လပ်ခွင့်ကို မည်သို့ ချိုးဖောက်သနည်းဆိုသော အချက်နှင့် မျက်နှာမအုပ်ဘဲ ကားမောင်းခြင်းသည် အဘယ်ကြောင့် အန္တရာယ်တွေ့နိုင်သနည်း ဆိုသောအချက်တို့ကို ရှင်းပြနိုင်ခြင်းမရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ သည်။

ဂျာမနီနိုင်ငံ၏ ယာဉ်စည်းကမ်း ဥပဒေများအရ ယာဉ်မောင်းသူများသည် အခြားယာဉ်မောင်းသူများ အန္တရာယ်မဖြစ်ပွားအောင် ကာကွယ်သည့်အနေနှင့် အနှောင့်အယှက်မရှိသော ရှေ့မြင်ကွင်းကို ထားရှိရမည်ဖြစ်ပြီး မျက်နှာကို မမှတ်မိ မသိရှိနိုင်အောင် ပဝါအုပ်ထားခြင်းကို မပြုလုပ်ရဟု သိရှိရသည်။

ယခင်နှစ် စက်တင်ဘာလက ပြဋ္ဌာန်းလိုက်သော ဥပဒေသည် ယာဉ်စည်းကမ်းချိုးဖောက်သည့် ယာဉ်မောင်းသူများကို ရဲများက စိစစ်သိရှိနိုင်ရန်နှင့် တရားစွဲဆိုနိုင်ရန်အတွက်လည်း အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။

တရားရုံးဆုံးဖြတ်ချက်အရ လျှောက်ထားသူ အမျိုးသမီးသည် ယာဉ်မောင်းနှင်မှု သင်ခန်းစာနှင့် စစ်ဆေးမှုများကို ပြီးစီးအောင်မြင်ခြင်း မရှိသောကြောင့် ယာဉ်မောင်းလိုင်စင်ကိုလည်း ရနိုင်မည်မဟုတ်ဟု သိရှိရသည်။

ထိုအမျိုးသမီးက သူမသည် ကျေးလက်တွင်နေထိုင်ပြီး တစ်ကိုယ်ရေ မိခင်ဖြစ်သောကြောင့် ယာဉ်မောင်းလိုင်စင် လိုအပ်သည်ဟု ပြောကြားသည်။

F-04




FOLLOW US